ဗီဒီယိုဇာတ်ကားတွေရိုက်ကူးရင်း ပရိသတ်တွေကြားမှာ သူမရဲ့ ကြိုးစားမှုအတွက် နေရာတစ်နေရာရရှိလာတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခွန်းဆင့်နေခြည်ကတော့ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ကြုံရတဲ့ အတွေ့အကြုံတွေနဲ့ ပတ်သတ်ပြီး ဖေ့စ်ဘုတ်ပေါ်မှာ အခုလိုပဲ ဖွင့်ဟလာပါတယ်။

ခွန်းဆင့်နေခြည်ကတော့ မိုင်တိုင် (၂၆) ဇာတ်ကားနဲ့ နာမည်ကြီးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကတော့ အနုပညာလောကမှာ ကြုံလာရတဲ့ အခက်အခဲအတွေ့အကြုံတွေကို “စီးပွားရေးမဆန်ဘူး ပေသီးမခေါက်ဘူး
ကိုယ်ရိုက်ကူးထုတ်လုပ်ထားတဲ့ ဇာတ်ကားတွေကို ကောင်းစေချင်တယ်သိပြီးတတ်ပြီး နားလည်ပြီးသားသူတွေရဲ့အနိုင်ကျင့်မှုမျိုးစုံကိုလည်း လှိမ့်နေအောင်ခံခဲ့ရဖူးတယ် ဂျင်းစနွင်းတွေအကျွေးခံခဲ့ရဖူးတယ် ဒါပေမဲ့ကျွန်မနောက်မဆုတ်ခဲ့ဘူးကိုယ်ခံခဲ့ရတဲ့သင်ခန်းစာတွေကိုအတွေ့အကြုံအဖြစ်ယူပြီးနောက်ပိုင်းမှာထိထိမိမိပြန်လည်အသုံးချလိုက်တယ် ဒါ့ကြောင့်ဘယ်အရာကိုမှ ဘယ်သူ့ကိုမှ အပြစ်မတင်ခဲ့ဘူး “လို့ ပြောပြခဲ့ပါတယ်။

ပရိသတ်တွေအတွက် အမြဲကြိုးစားနေတဲ့ ခွန်းဆင့်နေခြည်ကတော့ သူမရဲ့ ရင်တွင်းခံစားချက်တွေကို ဖေ့စ်ဘုတ်ပေါ်မှာ ပြောပြခဲ့တာပဲဖြစ်ပါတယ်။

Source:Khun Sint nay Chi