Meghan Markle နဲ့ ဗြိတိန်တော်ဝင်မင်းသား Harry တို့ရဲ့ လက်ထပ်ပွဲကတော့ သမီးရှင်တော်တော် များများ အတွ က် လူတိုင်းတော်ဝင် မိသားစုဝင်ဖြစ်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်အိမ်မက်ကို ပိုပြီး ကြီးထွားစေခဲ့ပါတယ်။ Americ an television personality ဖြစ်တဲ့ Khloe Kardashian ကတော့ တော်ဝင်မိသားစု မင်္ဂလာပွဲအတွက် ဂုဏ် ယူဝမ်းမြောက်ကြောင်း သူမရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားပါတယ်။ Meghan Markle အတွက် ဂုဏ်ပြုပေးရုံတင် မဟုတ်ပဲ တစ်နေ့မှာ သူလည်း တော်ဝင်မိသားစုနဲ့ ဆွေမျိုးတော်ချင်တယ်ဆိုပြီး စိတ်ကူးယဉ်ခဲ့ပါတယ်။
တစ်နေ့မှာ အနာဂါတ်ကျရင် သူမရဲ့ သမီးလေး True ကလည်း တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်လာနိုင်တယ် ဆိုပြီး စိတ်ကူးယဉ်ခဲ့တာပါ။ သတင်း Source တစ်ခုရဲ့ အပြောအရ ..အခုဆိုရင် Meghan ကလည်း တော်ဝင်မိသား စုဝင်ဖြစ်သွားပြီ .. တစ်နေ့ကျရင် သူမရဲ့ သမီးလေးလည်း မင်းသားလေး George နဲ့ လက်ထပ်ပြီး တော်ဝင်မိသားစု ၀င်ဖြစ်လာနိုင်တယ်ဆိုပြီး Khloe Kardashian က နောက်ပြောင် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။


Kate Middleton နဲ့ Meghan Marlke တို့က သာမန်အရပ်သူတွေလည်း မင်းသားလေးနဲ့ လက်ထပ်နိုင်ပါ တယ် ဆိုတာကို သက်သေထူနိုင်ခဲ့တာကို ကြည့်ရင် Khloe Kardashian ရဲ့သမီးလေးTrue နဲ့ မင်းသားလေး George တို့ လက်ထပ်တဲ့ ကိစ္စကလည်း တစ်နေ့ဖြစ်မလာနိုင်ဘူးလို့ တော့ ပြောလို့ မရပါဘူး..
Source metro