ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးတွေဖြစ်တဲ့ ချစ်သုဝေနဲ့ လင်းလင်းတို့ဇနီးမောင်နှံရဲ့ သမီးလေးနှစ်ယောက် ခေတ်နဲ့ သစ်ကတော့ သူတို့ရဲ့ ချစ်စရာပုံရိပ်တွေနဲ့ ပရိသတ်တွေရဲ့ အသည်းကို ဖမ်းစားထားသူလေးတွေပါ။

သူတို့နှစ်ဦးကတော့ လတ်တလောမှာ ဆေးရုံတက်နေရတဲ့ မေမေ ချစ်သုဝေဆီကိုသွားပြီး နေကောင်းခါစ မေမေအတွက် အားဆေးလေးတွေအဖြစ် အားအင်တွေပေးခဲ့ပါတယ်။ ချစ်သုဝေက သူမရဲ့ ချစ်သမီးလေးတွေက သူမအတွက် အသက်ရှင်ဖို့အားအင်လေးတွေဆိုပြီးတော့ ခေတ်နဲ့ သစ်ရဲ့ ဓါတ်ပုံလေးတွေကို တင်ပေးထားတာဖြစ်ပါတယ်။

မေမေ ချစ်သုဝေကတော့ “ဆေးရုံကိုလာတာတဲ့..ထူထူထောင်ထောင်ဖြစ်ခါစ မေမေ “ပြန်မူး”သွားတယ် သည်းလေးတွေရယ်” လို့ရေးပြီး ဆေးရုံကို လာကြတဲ့ သမီးလေးတွေရဲ့ ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

ပရိသတ်တွေလည်း မေမေ ချစ်သုဝေ အမြန်ဆုံး ပြန်လည်ကျန်းမာလာဖို့အတွက် ဆုတောင်းပေးလိုက်ပါဦးနော်။

Source: Chit Thu Wai