အနုပညာရှင် ဇနီးမောင်နှံနှစ်ယောက်ဖြစ်ကြတဲ့ ချစ်သုဝေနဲ့ လင်းလင်းတို့ရဲ့ သမီးလေး ခေတ်နဲ့ သစ်ကတော့ ပရိသတ်တွေတိုင်းရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတဲ့ သူလေးတွေ ဖြစ်ပါတယ်။ ချစ်သုဝေကတော့ ခေတ်နဲ့သစ်တို့ရဲ့ ဓါတ်ပုံလေးတွေကို ဖေ့စ်ဘုတ်ပေါ်မှာ ပရိသတ်တွေအတွက် မျှဝေပေးလေ့ရှိပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ ခေတ်နဲ့ သစ်တို့ကတော့ ဖေ့စ်ဘုတ်ပရိသတ်တွေရဲ့ အသဲစွဲ ဆယ်လီလေးတွေလည်း ဖြစ်ပါတယ်။

ချစ်သုဝေကတော့ ဒီကနေ့မှာလည်း ချစ်စရာကောင်းလွန်းတဲ့ ခေတ်နဲ့ သစ်တို့ရဲ့ အသည်းယားစရာ ပုံရိပ်လေးတွေကို ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားပါသေးတယ်။ ချစ်သုဝေကတော့ ခေတ်နဲ့သစ်တို့ရဲ့ ပုံလေးတွေကို “အားလုံး ကိုယ်စိတ်နှလုံး အနှောက်အယှက်ကင်းကင်း ချမ်းမြေ့ပါစေ” လို့ရေးပြီး တင်ပေးထားတာဖြစ်ပါတယ်။

ပရိသတ်တွေတိုင်း ချစ်ကြတဲ့ ခေတ်နဲ့ သစ်တို့ကတော့ နှစ်ယောက်အတူ ဆော့ကစားနေကြတာ အရမ်းကို ချစ်စရာကောင်းလွန်းပါတယ်။ ခေတ်နဲ့ သစ်တို့ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။

Source: CHit Thu Wai