ပရိသတ်တွေချစ်ကြတဲ့ ခိုင်သင်းကြည်ကတော့ သရုပ်ဆောင်ပညာရပ်မှာ ထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အကယ်ဒမီဆုကြီးလည်း ရရှိထားတဲ့ နာမည်ကျော် မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။

သူမကတော့ အသက်အရွယ်နဲ့ မလိုက်အောင်ငယ်ရွယ်နုပျိုလွန်းတဲ့ အတွက်လည်း ပရိသတ်တွေကြားမှာသာမက အနုပညာရှင်တွေကြားမှာပါ နာမည်ကြီးတဲ့ မင်သမီးတစ်ယောက်ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ပရိသတ်တွေကို အံ့သြမှင်သက်စေတဲ့ ဓါတ်ပုံအချို့ကို တင်ခဲ့ပါတယ်။ ဓါတ်ပုံထဲမှာတော့ ခိုင်သင်းကြည်ဟာ သင်္ကြန်စတိုင် လူငယ်အပြင်အဆင်တွေနဲ့ တွေ့ရပြီး သူမနဲ့လည်း အရမ်းကို လိုက်ဖက်နေတာကို တွေ့ရပါတယ်။ အသက် (၂၀)ကျော်လေးအလား ထင်မှတ်ရတဲ့ ခိုင်သင်းကြည်ရဲ့ ဓါတ်ပုံတွေကတော့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

ဒီအပြင်အဆင်တွေကတော့ Bella ကြော်ငြာအတွက်ပြင်ဆင် ရိုက်ကူးခဲ့တာဖြစ်ပြီး စိုးမြတ်သူဇာ၊အူဝဲ၊ ပိုင်ဖြိုးသုနဲ့ ဖြူဖြူကျော်သိန်းတို့ကလည်း Bella ကြော်ငြာအတွက် အတူပါဝင် ရိုက်ကူးခဲ့ပါတယ်။ မခိုင်လေးရဲ့ ပရိသတ်တွေလည်း ငယ်ရွယ်နုပျိုလွန်းတဲ့ မခိုင်လေးရဲ့ ပုံရိပ်တွေကို အခြားပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါဦးနော်။

Source: Khine Thin Kyi