ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင် ပရဟိတ မင်းသမီးလေး ခိုင်နှင်းဝေကတော့ သူမရဲ့ မျက်နှာပေါ်က အစိတ်အပိုင်းလေးတစ်ခုကို ပြုပြင်ခဲ့တဲ့ အကြောင်းကို ဖေ့စ်ဘုတ်ပေါ်မှာ ပြောပြထားပါတယ်။ ခိုင်နှင်းဝေကတော့ သူမရဲ့ မျက်ရစ်ကို ပြုပြင်ခဲ့တဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်းနဲ့ ပရိသတ်တွေကို ပြောပြလာတာဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ “ကျမမျက်နှာမှာ မျက်ရစ်ကရှိပါတယ်..ဒါပေမဲ့ မျက်ခွံအိတတ်လို့..မိတ်ကပ်လိမ်းတိုင် မျက်ရစ်တိပ် ကပ်ရလို့ အမြဲစိတ်ရှုပ်ရတယ်.အလျှင်စလိုမိတ်ကပ်လိမ်းပြီဆိုရင် မျက်ရစ်တိပ်ကပ်တာ အချိန်တော်တော်ကြာတယ်..အခုတော့ ဆရာရဲ့ လက်စွမ်းနဲ့ပညာကိုယုံကြည်လိုက်တာမှန်သွားတယ်ရှင့်..မိတ်ကပ်လိမ်းရင် မျက်ရစ်တိပ်မကပ်ရတော့ဘူး”လိုရေးသားပြီး ပရိသတ်တွေကိုလည်း သူမ မျက်ရစ်လေးကို ပိုလှအောင် ပြုပြင်ခဲ့တဲ့ ဆရာဝန်ကိုလည်း လမ်းညွှန်ထားပါသေးတယ်။

ခိုင်နှင်းဝေကတော့ အရင်ကထက် ပိုပြီးလှသွားတာတော့ သူမရဲ့ ဓါတ်ပုံလေးတွေကို ကြည့်ရင်လည်း တွေ့ရမှာပါ။ ခိုင်နှ်င်းဝေရဲ့ ပိုစ့်မှာလည်း သူမရဲ့ အရင်ပုံနဲ့ ယခုပုံလေးတွေကို ယှဉ်ပြထားပါသေးတယ်။

ယခင်
ယခု

Source: Khine Hnin Wai