ပရိသတ်တွေကြားမှာ ပရဟိတမင်းသမီးလေးလို့ နာမည်ကြီးတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ခိုင်နှ်င်းဝေဟာ ဇန်နဝါရီလ (၂)ရက်နေ့ ည(၁၁)နာရီမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်သုံးစီး ဆင့်တိုက်မှုဖြစ်စဉ်မှာ သူမရဲ့ ကားလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ သာကေတ စက်မှုလက်မှုရပ်ကွက်၊ ဧရာဝဏ်လမ်းမကြီး၊ အနော်မာကားမှတ်တိုင်အနီးမှာ အမည်မသိ အမျိုးသားတဦး (၃၅)နှစ်ခန့်ကို အုတ်သဲကျောက် တင်ဆောင်လာတဲ့ ယာဉ်တစ်စီးမှတိုက်ပြီး ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အနော်မာရပ်ကွက် လမ်းတဘက်ခြမ်းကနေ မောင်းနှင်းလာသောယာဉ်က ကားတိုက်ခံခဲ့ရတဲ့ အမျိုးသားကို မြင်တွေ့ခဲ့ပြီး ကားဘရိတ်ဖမ်းရာမှ နောက်မှပါလာသောကားမှ ဆင့်ပြီးယာဉ်(၃)စီးတိုက်မှု ဖြစ်ပွားခဲ့ရာ၊ သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ကားလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ အမြဲစိတ်ကောင်းစေတနာ ထားတတ်တဲ့ ခိုင်နှင်းဝေကိုလည်း ကြုံလာတဲ့ အခက်အခဲတွေကို အမြန်ဆုံးပြေပြေလည်လည် ဖြေရှင်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Source:Khine Hnin Wai, YE Kyaw Swar htet