ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသမီးခိုင်နှင်းဝေကတော့ ဖေဖေါ်ဝါရီလ (၂)ရက်နေ့မှာ ယာဉ်တိုက်မှုဖြစ်ခဲ့ပါတယ်။ ယာဉ်တိုက်မှုဖြစ်စဉ်မှာတော့ ခိုင်နှင်းဝေဟာ ကားသုံးစီးဆင့်တိုက်မှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမဲ့ ခိုင်နှင်းဝေကတော့အခုလိုပဲ ယာဉ်တိုက်မှုကိစ္စနဲ့ ပတ်သတ်ပြီး ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

“ကျွန်မရဲ့ အိမ်​အပြန်​လမ်းဖြစ်​တဲ့ သာ​ကေတ ဧရာဝဏ်လမ်းမှာဖြစ်​ခဲ့​တာပါ။ ဒီနေ့တစ်ရက်က ရှုတင်​မရှိ​တော့ အ​မေ့ကို​ဆေးခန်းလိုက်​ပို့​ပေးပြီး။ ကို​နေမင်း၊ သွန်းဆက်​တို့နဲ့ ​ဟော့​ပေါ့စားပြီးအပြန်​ ဧရာဝဏ်လမ်းမှာ ဖြစ်​တာပါ။ အပြန်​ လမ်းတဖက်ယာဉ်ကြောမှာ လူတစ်​​ယောက်​က ကားတိုက်​ခံရလို့ ​သေ​နေတာ။

အဲဒီလူကို ကားတွေက တစ်စီးပြီးတစ်စီစီး တက်ကြိတ်နေလို့ ဘေးကလူတွေက လာတဲ့ကားတွေကို ဝိုင်းတားနေတယ် .. အဲဒီမှာ ကျမကားကိုလည်း လမ်းလည်ခေါင်ကနေ တားနေတော့ ကျမက လှည့်ကင်းများလားမသိဘူးဆိုပြီး အရှိန်လျော့ပြီးရပ်လိုက်တယ် … လူရှုပ်​​နေ​တော့ အဲဒီနားကလူတွေက ကားကို​လှမ်းတားပြီး ဖြည်းဖြည်း​မောင်းဖို့​ပြောတာနဲ့ အရှိန်လျှော့ပီး လမ်းဘေးကိုထိုးရပ်ခါနီး အ​နောက်​က သဲ​တွေ​ကျောက်​​တွေ သယ်​တဲ့ကားက အရှိန်ပြင်းပြင်းနဲ့​​​တိုက်​လိုက်​​တော့ ​​အ​ရှေ့က Taxi ကိုပါ အရှိန်မထိန်းနိုင်ပဲ​​​​ ဝင်​တိုက်​မိပါတယ်​။” လို့သူမရဲ့ ဖေစ်ဘုတ်မှာ ယာဉ်တိုက်မှုဖြစ်စဉ်က အကြောင်းအရာကို ပြန်လည်ဖြေရှင်းလိုက်တာဖြစ်ပါတယ်။

မိခင်ဖြစ်သူကတော့ ခေါင်းကို အနည်းငယ် ထိခိုက်ပြီး၊ အိမ်က ကောင်မလေးကတော့ တံတောင်စစ်အနည်းငယ် ပွန်းပဲ့ရုံသာ ဖြစ်တယ်လို့လည်း ပြန်လည်ဖြေရှင်းထားပါသေးတယ်။

Source: Khine Hnin Wai