နာမည်ကျော် ၀ါရင့်အနုပညာရှင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ခင်ဇာခြည်ကျော်ကတော့ လက်တလောမှာ “တန်ဖိုး”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးလျက်ရှိပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးရေးပြုလုပ်တဲ့နေရာကိုတော့ ခင်ဇာခြည်ကျော်ရဲ့ သား ဘုန်းမင်းနေလလည်း လာရောက်ခဲ့ပြီး ခင်ဇာခြည်ကျော်က ရိုက်ကွင်းကို လာရောက်တဲ့ သားတော်မောင်နဲ့ သူရဲ့ပုံကို ဖေစ်ဘုတ်ပေါ်မှာ တင်လိုက်ပြီးနောက်မှတော့ ပရိသတ်တွေကြားမှာ ပျံနှံ့သွားပြီး အထူးသဖြင့် မိန်းကလေး ပရိသတ်တွေကြားမှာ ရေးပန်းစားလျက်ရှိပါတယ်။ အမေတူ သားတစ်ယောက်ဖြစ်ပြီး ရုပ်ရည်ကတော့ ပြောစရာကို မလိုပါဘူး။ သူရဲ့ ဖေစ်ဘုတ်အကောင့်ကတော့ @Phonemin Nay La ဖြစ်ပါတယ်။

 

Source: Khin Zar Kyi Kyaw Zar Lay