ပြည်သူတွေ ချစ်ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ခင်ဇာခြည်ကျော်ကတော့ ငပလီကို ရောက်ရှိနေပါတယ်။ ငပလီကမ်းခြေကိုတော့ ဇန်နဝါရီလ (၂၄)ရက်နေ့ကတည်းက ရောက်ရှိနေပြီး ကမ်းခြေက ပင်လယ်လေ အေးအေးလေးနဲ့ လှပတဲ့ ကမ်းခြေ ရှုခင်းလေးတွေကို အာရုံခံစားကာ အနားယူနေတာ ဖြစ်ပါတယ်။

အသက်ကြီးလာလေ ပိုလှလာတဲ့ မင်းသမီးကြီး ခင်ဇာခြည်ကျော်ကတော့ ငပလီကမ်းခြေမှာ အပန်းဖြေနေတဲ့ သူမရဲ့ ဓါတ်ပုံလေးတွေကို လူမှုကွန်ယက် ဖေ့စ်ဘုတ်မှာ တင်ထားပါသေးတယ်။ ဝါရင့် မင်းသမီးချော ခင်ဇာခြည်ကျော်ကတော့ ငပလီကမ်းခြေရဲ့ အလှနဲ့အပြိုင် အရမ်းကို လှနေတာပါ။

သူမရဲ့ ငပလီ ခရီးစဉ်ကိုလည်း ပရိသတ်တွေအတွက် ဖေစ့်ဘုတ်ပေါ်မှာ Live လွှင့် ခဲ့ပါသေးတယ်။ မင်းသမီး ခင်ဇာခြည်ကျော်ကတော့ လတ်လလောမှာလည်း ဇေရဲထက်နဲ့အတူ “ကန့်လန့်ကာ၏ နောက်ကွယ် ” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးလျက် ရှိပါတယ်။

source: Khin Zar Chi Kyaw