ယခုအချိန်အထိတိုင် ပရိသတ်တွေရဲ့ အားပေးမှုချစ်ခင်မှုတွေကို ရရှိနေပြီး ငယ်ငယ်ကလိုပဲ နုပျိုဆဲလှပနေဆဲ ခင်ဇာခြည်ကျော်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိနေဆဲဖြစ်တဲ့ ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

သူမကတော့ မေလ ၁၃ရက်နေ့မှာ ကျရောက်တဲ့ မိခင်များနေ့မှာ ငိုခဲ့ရတဲ့ အကြောင်းကို သူမရဲ့ လူမှုကွန်ရက်အကောင့်ပေါ်မှာ ပြောပြထားတာဖြစ်ပါတယ်။

ခင်ဇာခြည်ကျော်က အမေများနေ့မှာ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ “ဥပါဒါန်”ရုပ်ရှင်ကားကြီးကို သွားရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး “အမေများနေ့ မှာ ကိုယ်ပါဝင်တဲ့ ဇတ်ကားကို ကြည့် ပြီး ငိုခဲ့ရတယ်…
အရမ်း ကောင်း တဲ့ ဘာသာရေးကား ပါ .”လို့လည်း ရေးသားထားပါတယ်။ ခင်ဇာခြည်ကျော်ကတော့ “ဥပါဒါန်” ဇာတ်ကားထဲမှာ မိခင်ဇာတ်ရုပ်ကနေ ပါဝင် သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။

ခင်ဇာခြည်ကျော်ကတော့ အမေများနေ့မှာ သူမရဲ့ အမေအတွက် ဆုတောင်းပေးရင်း အမေများအားလုံး ကျန်းမာဖို့အတွက်လည်း ဆုတောင်းပေးထားခဲ့ပါတယ်။

Source: Khin Zarchi Kyaw