ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်နှစ်ဦးဖြစ်တဲ့ အဆိုတော် ဝိုင်းလေးနဲ့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး တစ်ယောက်ဖြစ်တဲ့ ခင်ဝင့်ဝါကတော့ အရမ်းကို ခင်ကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်။ သူတို့နှစ်ဦးကတော့ အတူတွဲပြီးတော့ မကြာခဏတွေ့ရလေ့ရှိပြီး အနုပညာလောကမှာ အောင်မြင်မှုတွေအသီးသီး ရရှိထားသူတွေလည်း ဖြစ်ပါတယ်။

သူတို့နှစ်ဦးကတော့ မေလ (၇)ရက်နေ့မှာ ရန်ကုန်ကလေးဆေးရုံကြီးမှာ အစာအဟာရကျွေးတဲ့ အလှူကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဝိုင်းလေးကတော့ ရန်ကုန်ကလေး ဆေးရုံကြီးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့လှူဒါန်းခဲ့ပြီး ခင်ဝင့်ဝါကတော့ ခရီးကနေ အလှူအတွက် ပါရမီဖြည့်ပေးခဲ့တာဖြစ်တယ်လို့ ဝိုင်းလေးကတော့ သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားပါတယ်။

အလှူအတန်းရက်ရောတဲ့ ခင်ဝင့်ဝါနဲ့ ဝိုင်းလေးတို့အတူပြုလုပ်ခဲ့တဲ့ အလှူပွဲ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source: Wine Lay