ခေးလေးလို့ ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ ချစ်စရာကောင်းလွန်းသူလေး ခင်ဝင့်ဝါကတော့ သူမရဲ့ ဆိုရှယ်မီဒီယာ အကောင့်ပေါ်မှာ ခရီးသွားနေတဲ့ သူမရဲ့ ဓါတ်ပုံတွေအများကြီးပဲ တင်ထားပါတယ်။ ခင်ဝင့်ဝါကတော့ မိုးကုတ်မြို့ကို ရောက်ရှိနေတာဖြစ်ပြီး သူမရဲ့ မိသားစုနဲ့အတူ အပန်းဖြေဖို့အတွက် ခရီးထွက်လာခဲ့ပုံပါပဲ။

အမြဲ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းနေတဲ့ ခင်ဝင့်ဝါကတော့ မိုးကုတ်မြို့မှာ သူမရဲ့ ချစ်ရသူတွေနဲ့အတူ ပျော်ပျော်ပါးပါး လည်ပတ်နေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကတော့ အရမ်းကို ချစ်စရာကောင်းလွန်းလို့ ခင်ဝင့်ဝါရဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

ခင်ဝင့်ဝါကတော့ အလှမယ်တစ်ဦးလည်း ဖြစ်တဲ့အပြင်  မင်းသမီးတစ်ယောက်အဖြစ်လည်း ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။

Source: Khin Wint Wah