သက်မွန်မြင့်နဲ့ ခင်လေးနွယ်တို့ကတော့ အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ကြော်ငြာရိုက်ရင်း ကားရိုက်ရင်းနဲ့ စတင်ခင်မင် သိကျွမ်းခဲ့ကြတာပါ။ ခင်လာတဲ့ မိတ်ဆွေသူငယ်ချင်း သက်တမ်းကတော့ (၁၆) နှစ် (၁၇)နှစ်လောက် ရှိနေပြီလို့ သိရပါတယ်။ သူငယ်ချင်းနှစ်ယောက် ဒီဇိုင်နာ မပုံ့ဆီမှာလည်း အတူတူသင်တန်း တက်ခဲ့ကြပါသေးတယ်။ သက်မွန်ကတော့ အိမ်ထောင်ကျပြီး ကလေး(၂)ယောက် မေမေ ဖြစ်နေပေမယ့် လီဆူးတိုင်းရင်းသူလေး ခင်လေးနွယ်ကတော့ အခုထိ Single ဘ၀မှာပဲ ရှိနေတုန်းပါ။

သက်မွန်မြင့်ကတော့ Serene ကွန်ဒိုမှာ ပြောင်းနေလိုက်ပါပြီ။ သက်မွန်ရဲ့ အိမ်အသစ်ကို ခင်လေးနွယ်တစ်ယောက် အလည်သွားခဲ့ပြီး အိမ်အသစ်ကို အလည်သွားရင်း ဓါတ်ပုံတွေ လည်း အများကြီး ရိုက်ခဲ့ပါတယ်။ ခင်လေးနွယ်နဲ့ အတူ ဒီဇိုင်နာမပုံ နဲ့တခြားသူငယ်ချင်းမိတ်ဆွေတွေလည်း အတူ လိုက်ပါသွားခဲ့တာကိုတွေ့ရပါတယ်။

“မွန်မွန့် အိမ်သစ်မှာ သွားရောက်စားသောက်
ဓါတ်ဖမ်းခဲ့ပါကြောင်း…” ဆိုပြီး ပုံတွေ တင်ထားပါတယ်။

from ခင်လေးနွယ်