ပရိသတ်တွေ ချစ်ကြတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ လီဆူးတိုင်းရင်းသူလေး ခင်လေးနွယ်ကတော့ သူမရဲ့ အမျိုးအရင်းအခြာတွေရှိရာ ဒေသဖြစ်တဲ့ ကချင်ပြည်နယ်၊ ပူတာအိုမြို့ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ပူတာအိုမြို့ကိုတော့ ဇန်နဝါရီလ (၁၅)ရက် ကတည်းက ရောက်ရှိနေတာဖြစ်ပြီး လီဆူးနှစ်သစ်ကူးပွဲတော်ကို ပါဝင်ဆင်နွှဲဖို့အတွက် ရောက်ရှိနေတာဖြစ်တယ်လို့လည်း ခင်လေးနွယ်က သူ့မရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ရေးထားပါတယ်။

ခင်လေးနွယ်ကတော့ လီဆူးဝတ်စုံလေးနဲ့ အရမ်းကို ချစ်စရာကောင်းနေပါတယ်နော်။

Source: Khin Lay Nwe