မြန်မာနိုင်ငံရဲ့ နာမည်ကျော်မင်းသားတစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ကတော့ မကွေးမြို့အနီးက ရေရှားပါးနေတဲ့ ရွာလေးလေးအတွက် အခြားအနုပညာရှင်တွေနဲ့အတူ အလှူငွေမတည်ပြီးး လှူဒါန်းပေးတော့မှာဖြစ်ပါတယ်။

အဲဒီရွာကလေးကတော့ မကွေးမြို့နဲ့ ၂၅မိုင်အကွာမှာရှိပြီး ရေရှားပါးလွန်းလို့ ရွာမှာနေထိုင်သူတွေ အရမ်းကို ဒုက္ခရောက်နေကြရတာကိုလည်း ခင်လှိုင်က သူ့ရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ဓါတ်ပုံရိုက်ပြီး တင်ထားပေးပါသေးတယ်။ ဒါကြောင့် ဒီရွာလေးအတွက် သရုပ်ဆောင်ခင်လှိုင်ဟာ ရေတွင်းတူးပြီး ရေလှောင်ကန်လေး ဆောက်လုပ်ပေးနိုင်ဖို့အတွက် ကြိုးပမ်းပေးနေတာဖြစ်ပါတယ်။ ဒီအတွက် ကုန်ကျငွေကတော့ သိန်း၁၆၀ကျော် ကုန်ကျမှာ ဖြစ်တဲ့အတွက် ခင်လှိုင်ဟာ အလှူရှင်တွေကို သူ့ရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

“လောလောဆယ်အဆိုတော် မိုးထက်မြင်အလှုခံလို့ရတဲ့ငွေသား သိန်း၄၀ ကျော်လို့သိရပါတယ် ကျွန်တော်ဒီနေ့မနက်အလှုခံထားသောငွေ ၂၃ သိန်းလောလောတယ်ရရှိထားပါတယ် “လို့သူ့ရဲ့ ဖေစ်ဘုတ်ပေါ်မှာ ရေးထားတာဖြစ်ပါတယ်။ အခြားသော အနုပညာရှင်တွေကလည်း လာရောက်လှူဒါန်းသွားခဲ့ကြပါတယ်။

ခင်လှိုင်ကတော့ ရေအလှူမှာ ပါဝင်လှူဒါန်းကြဖို့အတွက် ဆယ်သွယ်ဖို့ဖုန်းနံပါတ်ကိုလည်း သူ့ရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ရေးပေးထားပါတယ်။

Source: Khin Hlaing