MRTV 4 ဇာတ်ကားထဲက မင်းသမီးချောလေး ခေးဆက်သွင်ကတော့ လက်တလောမှာ ” အမာညို” ဆိုတဲ့ နာမည်ေ လးနဲ့ ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အ၀ကို ရရှိထားပါတယ်။ ခေးဆက်သွင်ကတော့ ” ဥယျဉ်မှူးဖြစ်ဖူးချင်သည်” ဇာတ်လမ်းတွဲမှာ “ဇွန်ပန်း” ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။ သူမကတော့ လက်တေ လာမှာ MRTV 4 ကနေ ပြသနေတဲ့ “အရိပ်” ဇာတ်လမ်းတွဲမှာ အမာညို ဆိုတဲ့ မိန်းကလေး နေရာကနေ ပါဝင် သရုပ်ဆောင်ထားပါတယ်။ သွက်သွက်လက်လက်နဲ့ ပြောပုံဆိုပုံ လှုပ်ရှားသွားလာပုံလေးတွေက ပရိသတ်တွေရဲ့ နှလုံးသားကို ကိုင်လှုပ် နိုင်ခဲ့ပါတယ်။ “အမာညို” ဇာတ်ကောင်နဲ့ ကွက်တိကျအောင် သရုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။

“အရိပ်” ကတော့ စာရေးဆရာမ မစန္ဒာရဲ့ နာမည်ကြီး ၀တ္ထုဖြစ်ပြီး မင်းသမီး ပန်းဖြူအကယ်ဒမီရခဲ့တဲ့ ဇာတ်ကားပါ။ ဒီ ကားကို ဇာတ်လမ်းတွဲ အဖြစ် ပြန်လည်ရိုက်ကူးထားပြီး မေလ(၁)ရက်နေ့ကစပြီး ထုတ်လွှင့်ပြသနေတာပါ။ စာရေးဆရာ မ မစန္ဒာရဲ့ နာမည်ကြီး ၀တ္ထုဖြစ်ပြီး အရင်တုန်းက ဇော်လင်း၊စိုးမြတ်သူဇာ၊ရီဝေယံ၊မင်းမော်ကွန်း၊ပန်းဖြူတို့ ရုပ်ရှင်ကားအဖြစ် ရိုက်ကူးခဲ့ဖူးပါတယ်။ ပန်းဖြူကို အကယ်ဒမီ ပန်းဖြူဖြစ်စေခဲ့တဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ဖန်တီးရာမှာတော့ ချိုပြုံး၊ရန်အောင်၊စိုးမြတ်သူဇာ၊မေမြင့်မိုရ်၊ခေးဆက်သွင်၊နန်းစန္ဒာလှထွန်း၊နက္ခတ်၊ ဟိန်းထက်၊ မိုက်မိုက်၊စိုပြေမြင့်၊ဟိန်းမင်းသူ၊ဆန်းတိုးနိုင်..အစရှိတဲ့ အနုပညာရှင်တွေ အများကြီးပါဝင်ထားပါတယ်။

ခေးဆက်သွင်ကတော့ ကျော်ထွန်းညို(နက္ခတ်) ရဲ့ညီမ၊ပေါက်ကျိုင်း(ကျော်ကျော်)ချစ်နေရတဲ့ ကောင်မလေး နေရာကေ န ပါဝင်ထားပါတယ်။ပရိသတ်တွေရဲ့ အချစ်တော် အမာညိုလေးကတော့ “အရိပ်.” FB စာမျက်နှာ ကနေ မေလ (၂၂) ရက်နေ့ နေ့လယ် (၁၂)နာရီက Live လွှင့်ခဲ့ပါတယ်။ခေးဆက်သွင်က သူမချစ်တဲ့ ပရိသတ်တွေနဲ့ တရင်းတနှီး စကား တွေလည်း အများကြီးပြောခဲ့သလို ပရိသတ်တွေ တောင်းဆိုတဲ့ အမာညိုဇာတ်ကောင်ရဲ့ သရုပ်ဆောင်ချက်တွေ အတိုင်း သရုပ်ဆောင်ပြခဲ့ပါတယ်။

ခေးဆက်သွင်ရဲ့ fb live အင်တာဗျူးကိုတော့ တစ်နာရီအတွင်းမှာ ကြည့်ရှုသူ (27K Views) အထိ ရှိခဲ့ပါတယ်။

#Facebook_Live_Interview_Khay_Sett_Thwin

ဒီအချိန်လေးကတော့ ပရိသတ်များကြည့်ရှုအားပေးနေတဲ့ ❛အရိပ်❜ဇာတ်လမ်းတွဲထဲမှ အမာညိုအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီးလေး ခေးဆက်သွင် နှင့်တွေ့ဆုံရမယ့် #Facebook_Live_Interview အချိန်လေးပဲဖြစ်ပါတယ် … ပရိသတ်များသိချင်နေတဲ့မေးခွန်းလေးတွေကိုတခါတည်းဖြေပေးသွားမှာပါနော် …<3 Khay Sett Thwin <3

Posted by အရိပ် on Monday, May 21, 2018

 

from ခေးဆက်သွင် ၊အရိပ်