စိုးသူရဲ့ ဇနီးဟောင်းဖြစ်တဲ့ ခငယ်ကတော့ ဖေ့စ်ဘုတ်ပေါ်မှာ အရင်က ဖြစ်ခဲ့တဲ့ အိမ်ထောင်ရေးကိစ္စတွေကို ထုတ်ဖော်ပြောလိုက်တာဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာလည်း အတော်လေး နာမည်ကြီးခဲ့တဲ့ စိုးသူ၊ စိုးမြတ်နန္ဒာနဲ့  စိုးသူရဲ့ ဇနီးဟောင်း ခငယ်တို့ရဲ့ အိမ်ထောင်ရေး အရှုပ်အရှင်း ကိစ္စတွေကြောင့် ပရိသတ်အချို့ကလည်း စိုးသူနဲ့ စိုးမြတ်နန္ဒာဘက်ကနေ ရပ်တည်ပေးခဲ့ကြသလို ပရိသတ်တွေတော်တော်များများကလည်း စိုးသူရဲ့ ဇနီးဖြစ်ခဲ့တဲ့ ခငယ်ဘက်ကနေ ရပ်တည်ပေးခဲ့ကြပါတယ်။

မေလ ၂၃ ရက်နေ့မှာတော့ စိုးသူဟာ သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ သူနဲ့ စိုးမြတ်နန္ဒာတို့ရဲ့ ချစ်သက်တမ်း ၅နှစ်ပြည့်သွားပြီ ဖြစ်တဲ့အကြောင်းကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ခဲ့ပါတယ်။ အလားတူပဲ စိုးမြတ်နန္ဒာကလည်း သူ့ရဲ့ ဖေစ်ဘုတ်ပေါ်မှာ စိုးသူနဲ့ အတူရိုက်ထားတဲ့ ဓါတ်ပုံကို တင်ပြီး ချစ်သက်တမ်း ၅နှစ်ပြည့်သွားပြီ ဖြစ်တဲ့ အကြောင်းကို ရေးသားခဲ့တာဖြစ်ပါတယ်။

ခငယ်ကတော့ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ အခုလိုပဲ ရေးသားပြီး ဒဲ့ပြောလိုက်တာဖြစ်ပါတယ်။ ခငယ်က “ကိုစိုးသူ ကားဂိုဒေါင်ထဲ ဖုန်းခိုးပြောပြီး သူ့ကိုအဖြေတောင်းခဲ့တာ ၅ နှစ်ပြည့် တဲ့ နေ့ တဲ့ ….ကြွားချင်လွန်းလို့ မင်းသမီး ညာခဲ့တာတွေ မေ့သွားပုံရတယ်…. ဆဲစေချင်ရင်ဒဲ့ပြော ကျမ က page အတု အကောင့် အတု group chat တို့နဲ့ ပြောတတ်ဘူး…”လို့ရေးသားပြောဆိုလိုက်တာဖြစ်ပါတယ်။ ခငယ်ကတော့ အခုလိုပဲ ပွင့်လင်းမြင်သာစွာ သူမ စိတ်ထဲမှာ ရှိတာတွေကို ဖွင့်ချသွားခဲ့တာဖြစ်ပါတယ်။

Source: Kha Nge