အမေရိကန်မော်ဒယ်နဲ့ တီဗီအစီအစဉ်တင်ဆက်သူ ဆယ်လီမလေးဖြစ်တဲ့ Kendall Jenner က ပြီးခဲ့တဲ့ တစ်ပတ်လောက်က ချစ်သူအသစ်စက်စက်ရပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သူမရဲ့ ချစ်သူအသစ်ကတော့ NBA ဘတ်စ်ကတ်ဘောကစားသမားတစ်ဦးဖြစ်တဲ့  Ben Simmons ဖြစ်ပါတယ်။ ဒါပေမယ့် Kendall ကတော့ အကွက်လေးတွေ ရွှေ့လိုက်ပြန်ပါပြီ။

Instagram

Kendall က သူမရဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ မော်ဒယ် Gigi Hadid နဲ့ Bella Hadid တို့ရဲ့ မောင်ဖြစ်သူ (၁၈)နှစ်အရွယ် Anwar Hadid နဲ့ တွဲခုတ်နေကြတာပါ။ ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ သူမနဲ့ Anwar တို့ နှစ်ဦးသား အနမ်းခြွေနေခဲ့ကြပုံတွေ တက်လာခဲ့ပါတယ်။ သူတို့နှစ်ဦးက နယူးယောက်မှာ ကျင်းပခဲ့တဲ့ အမေရိကန် ဖက်ရှင်ဒီဇိုင်နာ အစည်းအရုံး (CFDA) ရဲ့ ပါတီမှာ အတူရှိနေခဲ့ကြတာပါ။

TMZ/MEGA

အနမ်းခြွှေနေကြတဲ့ ဓာတ်ပုံထဲမှာတော့ Kendall ရဲ့ မျက်နှာက သေချာမပါခဲ့ပေမယ့် အင်္ကျီအဝတ်အစားနဲ့ ဆံပင်တို့ကတော့ သူမအဲဒီ့နေ့က ပုံစံနဲ့ တစ်ထပ်တည်း ဖြစ်နေခဲ့ပါတယ်။ Kendall ဟာ ၎င်းပါတီညက Anwar ရဲ့ လက်ကိုလည်း ဓာတ်ပုံရိုက်ပြီး Instagram ပေါ်မှာ တင်ခဲ့ပါသေးတယ်။ Anwar ရဲ့ လက်မှန်း သေချာစေတာကလည်း သူ့ရဲ့ တက်တူးတွေမှန်း လူတိုင်းသိတဲ့ လက်ပေါ်က တက်တူးတွေကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါပို့စ်ကို တင်ပြီး ပြန်ဖျက်ခဲ့ပါတယ်။

Instagram

Anwar ကလည်း မင်းသမီး Nicola Peltz နဲ့ တွဲနေခဲ့သူတစ်ဦးပါ။ ဒါပေမယ့် သူတို့နှစ်ယောက်ကို နောက်ဆုံးတွဲမြင်လိုက်ရတာကတော့ ပြီးခဲ့တဲ့ မေလ အစပိုင်းမှာဖြစ်ပြီး ၎င်းနောက်မကြာခင်မှာ သူတို့ ပြတ်စဲသွားပြီဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ Kendall ကတော့ သူငယ်ချင်း Gigi တို့ရဲ့ မောင်ဖြစ်သူ Anwar နဲ့က ခင်ခဲ့တာတော့ နှစ်များစွာ ရှိပြီလို့လည်း သိရပါတယ်။ Kendall က လက်ရှိချစ်သူ NBA စတားနဲ့ Anwar တို့ နှစ်ဦးကြားထဲ ဘာတွေ ဆက်ဖြစ်ဦးမလဲဆိုတာတော့ ပရိသတ်တွေ စိတ်ဝင်စားနေကြပါတယ်။

Elle
Instagram

Ref: Dailymail