Kendall နဲ့ Kylie Jenner တို့ဟာ ၂၀၂၀ ဖက်ရှင်တွေကိုစုစည်းပြီး Amazon ဝက်ဆိုဒ်ပေါ်ပစ္စည်းတွေတင်ရောင်းနေပြီဆိုတာ People သတင်းအရသိရပါတယ်။ Face Masks, ရောင်စုံဒီဇိုင်းဆန်းနဲ့ အထည်တွေအပြင် နွေးထွေးလုံခြုံပြီးဝတ်လို့ကောင်းတဲ့ sweat sets တွေကိုပါ ရောင်းချနေတာဖြစ်ပါတယ်။ အထည်အများစုဟာ ဒေါ်လာ၉၀အောက်ပဲရှိပါတယ်။ သူတို့ရဲ့ collection ထဲကနေ ဘာပစ္စည်းပဲဝယ်ဝယ် face mask တစ်ခုလက်ဆောင်ထည့်ပေးမှာပါ။

Kendall + Kylie x the Drop collection ဟာဆိုရင် ရက်အနည်းငယ်အတွင်းပဲ ပရိုမိုးရှင်းချပေးမယ်လို့ ဆိုပါတယ်။ အဝတ်အစားတွေရဲ့အရေအတွက်ကတော့ အကန့်အသတ်ရှိပါတယ်။ Amazon ကတော့ လက်ရှိမှာ အော်ဒါတွေကိုလက်ခံနေတာဖြစ်ပြီး ပရိုမိုးရှင်းကာလကတော့ အောက်တိုဘာ၁၉ရက်နေ့ကနေ အောက်တိုဘာ၂၅ရက်အထိလို့ သိရပါတယ်။

Amazon.com

အပေါ်ဝတ်အင်္ကျီဒီဇိုင်းတွေကတော့ အမျိုးအစားအစုံပါပဲ။ လက်ရှိခေတ်စားနေတဲ့ ဂျင်းဂျက်ကတ်ကို လက်ဖောင်းချုပ်ထားတာ၊ အောက်စည်း သားရေဘောင်းဘီ၊ ပုလဲလုံးတွေနဲ့အလှဆင်ထားတဲ့ sweatshirt စတဲ့ ဒီဇိုင်းအသစ်လေးတွေ တော်တော်များများ ပါဝင်ပါတယ်။ အဝတ်အစားဒီဇိုင်းအားလုံးကို သူတို့ညီအစ်မနှစ်ယောက်ပေါင်းပြီး ထုတ်ထားတာပါ။ တော်တော်များများက အိမ်မှာနေရင်း၊ကျောင်းသွား၊ ရုံးတက် ပေါ့ပေါ့ပါးပါးနဲ့ ဝတ်လို့ကောင်းတဲ့ အထည်လေးတွေဖြစ်ပါတယ်။

Amazon.com

တကယ်လို့ ကိုယ်ကဘာနဲ့တွဲဝတ်ရမယ်မှန်းမသိဘူးဆိုရင်တော့ ဒီနေရာက သူတို့ရဲ့ collection landing page ကို ဝင်ကြည့်နိုင်ပါသေးတယ်။

Amazon.com
Amazon.com

ဒါကတော့ သူတို့ရဲ့အဝတ်အစားတွေကို လိုအပ်တဲ့ accessories တွေနဲ့တွဲဖက်ပြီးဝတ်ပြထားတဲ့ Kendallနဲ့ Kylie တို့ဖြစ်ပါတယ်။ သူတို့ရဲ့ The Drop collection မှာဆိုရင် အနည်းဆုံး ၃၅ ဒေါ်လာကနေ အစားထိရှိနိုင်ပါတယ်။ Amazon prime member တွေအနေနဲ့ကတော့ free shipping ရမှာပါ။ တကယ်လို့ member မဟုတ်ရင်လည်း ရက် ၃၀ free trial နဲ့ sign up လုပ်ပြီး အော်ဒါမှာယူနိုင်ကြောင်းလည်း သိရပါတယ်။

CeleNow