Kem Hussawee က တော့ လက် တ လောမှာ ပရိသတ်တွေ ကြား အရမ်းကို နာမည်ကြီးနေတဲ့ ထိုင်းမင်းသား တစ်ယောက်ပါ။So Wayree  က တော့ ဒီဇာတ်ကားမှာတော့ ခေါင်းဆောင် မင်းသားနေရာကနေ ပါဝင်ထားပါတယ်။ အသက်က တော့ သိပ်မကြီးသေးပါဘူး။ (၁၉၉၇)ခုနှစ် သြဂုတ်လ (၂၁)ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ So Wayree မှာတော့ မင်းသမီး Mookda Narinrak နဲ့ အတူ တွဲ သရုပ်ဆောင်ခဲ့တာပါ။ဒီဇာတ်ကားထဲက မင်းသမီးချော လေးနဲ့ သူနဲ့ ကြားက ဆက်ဆံရေး အ ကြောင်းကိုတော့ Kem Hussawee က ထုတ်ပြောခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ Thai Update မှာ ဖော်ပြ ထားတာပါ။

 

View this post on Instagram

 

รอกันหรือยังครับ 🤍 #โซ่เวรีตอนจบ

A post shared by Hussawee (@hussaweee) on

So Wayree မှာတော့ နှစ်ယောက်က အရမ်းလိုက် လွန်းလို့ ပရိသတ်တွေက သူတို့နှစ်ယောက်ကို ၀ိုင်းပြီး Ship နေ ကြပါတယ်။ Kem Hussawee က တော့ လက်ရှိသူတို့ ကြားက ဆက်ဆံရေးက တော့ သူငယ်ချင်း မိတ်ဆွေ အဆင့်ပဲရှိသေးတယ်လို့ ပြောခဲ့ပါတယ်။ချစ်သူတွေ ဖြစ်လာခဲ့ရင်တော့ သတင်း ထောက်တွေကို ဖွင့် ပြော ပါ့မယ်လို့ လည်း ပြောခဲ့ပါတယ်။

 

View this post on Instagram

 

ขอจิ้มได้ไหมอะคนดี 🤍 @narinnarinrak

A post shared by Hussawee (@hussaweee) on

Kem Hussawee က တော့ Mookda Narinrak is က အရမ်းချစ်စရာ ကောင်းတယ်ဆိုတာ ကိုတော့ ၀န်ခံ ခဲ့ပါတယ်။သူနဲ့ အရင်းနှီးဆုံး မိန်းက လေး က လက်ရှိမှာ Mookda ပဲ ရှိတယ်လို့ လည်း ပြော ခဲ့ပါတယ်။နှစ် ယောက် သား အ ကြောင်းအရာ အားလုံးနီးပါး ကို ပြောဖြစ် ကြောင်းနဲ့ လက်ရှိမှာတော့ Mookda ကြည့်ခဲ့တဲ့ ကာတွန်း ကား အ ကြောင်း ပြော ဖြစ်နေတယ်လို့ လည်း ဖွင့် ပြောခဲ့ပါတယ်။ Mookda Narinrak နဲ့ အီစီကလီ အ နေ အထား မျိုးလား လို့ သတင်းထောက်တွေ က မေးခဲ့ပါတယ်။ Kem Hussawee က တော့ အရင် မေးလိုက် ပါအုံးမယ်၊ သူ့ က တော့ လက်ရှိမှာ Single ဆိုတော့ သူ့ အတွက်က တော့ အဆင် ပြေ တယ်လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

#โซ่เวรี คืนนี้มาตามกันต่อนะครับ 🤍 @narinnarinrak

A post shared by Hussawee (@hussaweee) on

#CELENOW