Kem Hussawee နဲ့ Mookda Narinrak တို့ က တော့ လက်ရှိ မှာ အရမ်းကို နာမည်ကြီးနေတဲ့ ထိုင်းဆယ်လီ တွေ ပါ။ ပရိသတ်တွေ အားလုံးက ၀ိုင်း Ship တာကို ခံ နေရပါတယ်။ So Wayree ဆိုတဲ့ ဇာတ်ကားမှာ နှစ်ယောက် လုံးက အတွဲညီညီ နဲ့ သရုပ်ဆောင်ခဲ့တာ မို့ သူတို့ နှစ်ယောက်ကို ပရိသတ်တွေ က အပြင်မှာပါ ချစ်သူတွေ ဖြစ် စေချင် နေတာပါ။နှစ်ယောက်က တော့ သူတို့ ရဲ့ စိတ်ကူးထဲက ချစ်သူပုံစံ က ဘယ်လို ဆိုတာကို အင်တာဗျူး တစ်ခု မှာ ထုတ်ပြောခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ Thai Update မှာ ဖော်ပြခဲ့ပါတယ်။
View this post on Instagram
ไปดูกันเถอะๆ🤣🤣ทาง 👉🏻FACEBOOK / YOUTUBE : Ch7HD #Ch7hd #เข้มมุกดา #masterchefallstarsthailand
သတင်းထောက်တွေကလည်း သူတို့ နှစ်ယောက်ကို အင်တာဗျူး ရင်း အတင်းတွေ အောင်သွယ်တဲ့ မေး ခွန်း တွေ မေး တတ်ကြပါတယ်။ So Wayree ရိုက်ကူးရေး အဖွဲ့ သားတွေ ကလည်း နှစ်ယောက်ကို ကြုံရင် ကြုံ သလို အမြဲ စ နောက် နေ တတ်ပါတယ်။သတင်းထောက် တွေ က Mookda Narinrak ကို သူမရဲ့ စိတ်ကူး ထဲက ချစ်သူ ကပုံစံ မျိုးက ဘယ်လို မျိုးလဲ၊ Kem Hussawee က စိတ်ကူးထဲက ပုံ မျိုးလား လို့ မေးခဲ့ပါတယ်။
Mookda Narinrak က သူမမှာ စိတ်ကူးထဲက ချစ်သူ ပုံစံ မျိုး ဆိုပြီး သီးသန့် လိုချင်တဲ့ ပုံစံ မျိုး ဆိုပြီး သတ်မှတ် ထားတာ မရှိဘူးလို့ ပြောခဲ့ပါတယ်။ Kem Hussawee ကိုလည်း စိတ်ကူးထဲက ချစ်သူ ပုံ စံက ဘယ်လိုလဲ၊ Mookda Narinrak ကို ဘယ်လို မြင်လဲ ဆိုပြီး မေးခဲ့ပါတယ်။သူ့ အတွက် က တော့ Mookda ရဲ့ စကား ပြောပုံ၊စိတ်ကူး အမြင် နဲ့ အပြုအမူ တွေ အားလုံးကို သ ဘောကျ တယ်လို့ ပြောခဲ့ပါတယ်။ Mookda Narinrak က တော့ Kem Hussawee က ချစ်ဖို့ ကောင်းတဲ့ လူ တစ်ယောက် ဖြစ် ကာ သူမ ကို ရော လူတိုင်းကိုပါ ပြုံး ပျော် နေ အောင် လုပ် ပေးနိုင် တဲ့ လူ မျိုး ပါလို့ ပြောခဲ့ပါတယ်။
#CELENOW