ပရိသတ်တွေချစ်ကြတဲ့ မင်းသားချောတစ်ယောက်ဖြစ်တဲ့ ကောင်းမြတ်စံကတော့ လတ်တလောမှာ ပုံတွေမတင်ဘဲ သူ့ရဲ့ ဖေစ်ဘုတ်ကနေ ပျောက်နေခဲ့ပါတယ်။ ပရိသတ်တွေအတွက် သူ့ရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကို တင်ပေးတတ်တဲ့ မင်းသားချောဟာ ဖေဖေါ်ဝါရီလ (၆)ရက်နေ့နောက်ပိုင်းမှာ ဘာဓါတ်ပုံမှ မတင်တော့ပဲ ပျောက်နေခဲ့တာဖြစ်ပါတယ်။

ဖေဖေါ်ဝါရီ (၈)ရက်နေ့ညမှာတော့ လွမ်းနေကြတဲ့ ပရိသတ်တွေအတွက် မင်းသားချော ကောင်းမြတ်စံက သူရဲ့ ဖေစ်ဘုတ်မှာ ဓါတ်ပုံတစ်ပုံတင်လိုက်ပြီး “ပုံမတင်ဘူးဆိုတာ အချစ်စမ်းတာ ကျွန်တော့်ကို ဘယ်လောက်ချစ်လဲဆိုတာသိချင်လို့…”လို့ဆိုပြီး ပုံလေးတစ်ပုံတင်ပြီး ဖေစ်ဘုတ်ပေါ်ကနေ ပျောက်နေရတဲ့ အကြောင်းအရင်းကို ပြောပြခဲ့တာဖြစ်ပါတယ်။

ကောင်းမြတ်စံရဲ့ ပိုစ်အောက်မှာတော့ ပရိသတ်တွေက သူ့ကို လွမ်းနေတဲ့ အကြောင်းတွေကို ကွန်းမန့်ရေးထားကြပြီး ကောင်းမြတ်စံကလည်း “ချစ်မှန်းသိသွားပြီ”ဆိုပြီးရေးထားပါသေးတယ်။

Source: Kaung Myat san