ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ဟာ Halloween ပွဲတော်နေ့ဆိုတာကိုတော့ တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ အဆိုပါ Halloween ပွဲတော်ဟာ အာရှနိုင်ငံတော်တော်များများမှာတော့ သေသေချာချာ ကျင်းပလေ့ မရှိကြပေးမယ့် အနောက်ဥရောပနိုင်ငံတွေမှာတော့ Halloween ဝတ်စုံပြည့်တွေဝတ်ပြီး ခမ်းခမ်းနားနား ကျင်းပလေ့ ရှိကြပါတယ်။ အခုလည်း ကမ္ဘာကျော်မိသားစုတစ်စုဖြစ်တဲ့ Kardashian မိသားစုကတော့ Halloween နေ့မှာ အမိုက်စား Halloween ဝတ်စုံတွေဝတ်ပြီး ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ခဲ့ကြောင်း Thesun သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
ပုံထဲမှာတွေ့ရတာကတော့ နာမည်ကြီး ရက်ပ်အဆိုတော်တစ်ဦးဖြစ်သူ Kanye West ရဲ့ ဇနီးတစ်ဖြစ်လဲ ကမ္ဘာကျော် မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ Kim Kardashian ပဲ ဖြစ်ပါတယ်။ Kim တစ်ယောက်ဝတ်ထားတဲ့ Halloween ဝတ်စုံကတော့ Tiger King အမည်ရ Documentary စီးရီးဇာတ်ကားထဲက Carole Baskin အတိုင်း ဝတ်ဆင်ထားတာဖြစ်ပါတယ်။ Kim ရဲ့ ကလေးတွေဖြစ်တဲ့ North, Saint နဲ့ Chicago တို့ကလည်း ကျားပေါက်လေးတွေပုံစံ ဝတ်ဆင်ထားပြီး Kim ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ Jonathan Cheban ကတော့ Joe Exotic အတိုင်း ဝတ်ဆင်ထားခဲ့တာပဲ ဖြစ်ပါတယ်။

Kim ရဲ့ အမဖြစ်သူ Kourtney Kardashian ကတော့ အဖြူရောင်နဲ့ အနက်ရောင် ပေါင်းစပ်ထားတဲ့ အရိုးစု ဝတ်စုံကို ဝတ်ဆင်ခဲ့သလို သားသမီးနှစ်ယောက်ကတော့ Rockstar ပေါက်စလေးပုံစံတွေ ဝတ်ဆင်ခဲ့ပါတယ်။ ညီမဖြစ်သူ Kylie Jenner ကလည်း သူ့အမတွေနည်းတူ ခေတဲ့လူတော့ မဟုတ်ပါဘူး။ Kylie ဟာ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူတွေနဲ့ အမိုက်စား Powe ranger ဝတ်စုံကို squad လိုက် ဝတ်ဆင်ခဲ့ပြီး သူ့ရဲ့ Instagram အကောင့်မှာ ပို့စ်တင်ခဲ့ပါသေးတယ်။
Pyi Hein Kyaw