EXO အဖွဲ့ဝင် Kai ကတော့ Happy Together 3 တီဗွီအစီအစဉ်မှာ ပါဝင်ရင်းနဲ့ ဓါတ်လှေကားမတော်တဆမှု တစ်ခုကြောင့်  အသက်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။

မတော်တဆမှုကတော့ Kai က သူရဲ့ တိုက်ခန်းကို ဓါတ်လှေကားနဲ့ တက်သွားတဲ့ အချိန်မှာ ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ သူရဲ့ တိုက်ခန်းပေါ်ကို တက်ဖို့ ဓါတ်လှေကားထဲဝင်ပြီးတဲ့ အချိန်မှာ ကြွက်အော်သံလို အသံကြီးကို ကြားလိုက်ရတယ်လို့ Kai ကပြောပြခဲ့ပါတယ်။

ရုတ်တရက်ဖြစ်လို့ Kai ကဘာမှထူးထူးခြာခြားမထင်ခဲ့မိပေမဲ့ (၅)ထပ်မြောက်ကို ရောက်တဲ့အခါမှာဓါတ်လှေကားက အသံအကျယ်ကြီးထွက်ပြီး အောက်ကို တည်တည့်ကြီးကို ဆင်းသွားခဲ့တာပါလို့ kai ကဆိုပါတယ်။ ဓါတ်လှေကားဟာ အောက်ကို တည့်တည်ကြီး အရှိန်နဲ့ ဆင်းသွားခဲ့ပေမဲ့ ကံကောင်းစွာပဲ မြေညီထပ်မှာ ရပ်သွားခဲ့ပါတယ်။ Kai ဟာ ဓါတ်လှေကားရဲ့ တံခါးကို လက်နဲ့ ကလော်ပြီး ဆွဲဖွင့်ခဲ့တဲ့ အခါမှာတော့ တံခါးပွင့်သွားပြီး အပြင်ကို ထွက်လာနိုင်ခဲ့ပါတယ်။ Kai အပြင်ဘက်ကို ရောက်ရောက်ချင်းမှာပဲ ဓါတ်လှေကားဟာ မြေအောက်ထပ်ကို ပြုတ်ကျသွားခဲ့ပါတယ်။

မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်တွေကြောင့် ထိတ်လန့်တကြားဖြစ်နေတဲ့ Kai ကတော့ လှေကားကနေ လေးဖက်ထောက်တက်သွားခဲ့ပြီး လူတွေကို အကူအညီသွားတောင်းခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာတော့ မရရှိခဲ့ပါဘူးလို့လည်း Kai  ကသူရဲ့ အသက်အန္တရာယ်နဲ့ တွေ့ခဲ့ရတဲ့ အတွေ့အကြုံကို ပြန်လည်ဝေမျှခဲ့ပါတယ်။

Source: Koreaboo