အကယ်၍သာ ကိုယ်ဟာ ကမ္ဘာကျော်စတားတစ်ယောက်ဖြစ်ပြီး ပိုက်ဆံတွေ အများကြီး ရှာနိုင်တဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာရင် ရလာတဲ့ပိုက်ဆံတွေနဲ့ ဘာအရင်ဆုံးလုပ်မယ်လို့ စိတ်ကူးထားပါသလဲ။ အခုဖေါ်ပြပေးမဲ့ အနုပညာရှင်တွေကတော့ သူတို့ရဲ့ အောင်မြင်ကျော်ကြားမှုကနေ ရရှိလာတဲ့ အနုပညာကြေးတွေနဲ့ သူတို့ရဲ့ မိဘတွေအတွက် အိမ်တွေ ဝယ်ပေးခဲ့ကြတာဖြစ်ပါတယ်။

1. Suzy

သူကတော့ သမီးလိမ္မာလေးတစ်ယောက်ပါ။ မအောင်မြင်ခင်ကလည်း သူ့မိဘတွေရဲ့ စားသောက်ဆိုင်မှာ စားပွဲထိုးအဖြစ် အလုပ်လုပ်ပေးခဲ့ပါတယ်။ အောင်မြင်ပြီးနောက်မှာတော့ မိဘတွေအတွက် ကော်ဖီဆိုင်တစ်ခုနဲ့ ၊ အိမ်တစ်လုံး ဝယ်ပေးခဲ့ပါတယ်။ Suzy ရဲ့ မိဘတွေကတော့ ကော်ဖီဆိုင်ရဲ နာမည်ကို “Su Cafe”လို့နာမည်ပေးခဲ့ပါတယ်။

2. Won Bin

အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်ပြီး နောက်မှာတော့ Won Bin ဟာ သူ့ရဲ့ မိဘတွေကို စိုက်ပျိုးရေးခြံထဲမှာ နေထိုင်နေရတဲ့ ဘဝကနေ နှစ်ထပ်အိမ်နဲ့ နေရတဲ့ဘဝဖြစ်အောင် ဖန်တီးပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အိမ်ရဲ့ လှလွန်းတဲ့ အပြင်အဆင်တွေက ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်စေတဲ့ အရာတစ်ခုဖြစ်လာပြီး အိမ်ဈေးကလည်း တက်လာခဲ့ပါတယ်။ ဒါ့အပြင် Won Bin ရဲ့ ပရိသတ်တွေက အိမ်အနားမှာ တဝဲလည်လည်နဲ့ Won Bin ကို လာစောင့်ကြပါတယ်။ ဒါကြောင့် Won Bin ဟာ သူရဲ့ မိဘတွေအရင်နေခဲ့တဲ့ နေရာကိုပဲ ပြန်လည်ပြင်ဆင်ပြီး ဆောက်လုပ်ခဲ့ပေးခဲ့ပါတယ်။ နှစ်ထပ်အိမ်ကြီးကိုတော့ Won Bin ရဲ့ မိဘတွေက အခုထိ ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။

3. Hyeri

သူကတော့ ငယ်ငယ်ကတည်းက မိဘတွေကို စောင့်ရှောက်ပေးချင်ခဲ့တဲ့ သမီးလိမ္မာ တစ်ယောက်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Hyeri ငယ်ငယ်က မိဘတွေ ပင်ပင်ပန်းပန်းနဲ့ လုပ်ကိုင်ရှာဖွေကျွေးမွေးခဲ့တာကို ဘာမှမလုပ်ပေးနိုင်ပဲ ဘေးကနေပဲ ကြည့်ခဲ့ရပါတယ်။ Hyeri ကအခုချိန်ထိတော့ သူရဲ့မိဘတွေနဲ့ အတူမနေနိုင်သေးပေမဲ့ မိဘတွေနေဖို့ အတွက် အိမ်တစ်လုံး ဝယ်ပေးခဲ့ပါတယ်။

4. Nam Goong Min

သူကတော့ မင်းသားဖြစ်တဲ့ သက်တမ်းအတော်ကြာပြီ ဖြစ်ပေမဲ့ အခုထိ လခပေးပြီး အိမ်ငှားနေတုန်းပါပဲ။ ဘာလို့လဲဆိုတော့ သူမိဘတွေ အတွက်သာမက မောင်နှမတွေအတွက်ပါ အိမ်တွေ ဝယ်ပေးခဲ့လို့ဖြစ်ပါတယ်။

5. Park Shinhye

သူကတော့ ကလေးသရုပ်ဆောင် ဘဝကတည်းကစပြီး အနုပညာသက်တမ်း (၁၀)နှစ်တာ ကာလအတွင်း ရရှိလာတဲ့ ပိုက်ဆံတွေကို သူ့မိဘတွေအတွက် စားသောက်ဆိုင်တစ်ခု ဝယ်ပေးဖို့အတွက် စုဆောင်းခဲ့သူဖြစ်ပါတယ်။ အခုဆိုရင် သူမရဲ့ မိဘတွေဟာ ချမ်းသာတဲ့ဘဝတွေကို ပိုင်ဆိုင်နေကြပါပြီ။

Source: Kpopmap