K-Pop Idol တွေ မလိုအပ်ပဲ တောင်းပန်ရတဲ့ ထူးထူးခြားခြား အ ကြောင်းအရာများကိုရီးယားအနုပညာလောက ကတော့ ထင်ထား တာထက်ပိုပြီး စိတ်ဖိစီးပင်ပန်းရပါတယ်။K Pop လောက မှာတော့ ပရိသတ်တွေက ချစ်ရင် လည်း သဲသဲ လှုပ်အချစ်ခံရ ပေမယ့် မချစ်လို့ ၀ိုင်းပြီး တိုက်ခိုက်ရင်လည်း အရမ်းတိုက်ခိုက်ခံရတတ်ပါတယ်။လက် တွေ့ မှာတော့ တာင်းပန်ဖို့ မလို ပေမယ့် လည်း Kpop လောကမှာတော့ Idol တွေ တောင်းပန် နေရတဲ့ ထူးထူးဆန်းဆန်း အ ကြောင်းအရာ တွေ ရှိပါတယ်။ဒီအ ကြောင်းကိုတော့ Koreaboo မှာ ဖော်ပြထားတာပါ။

အချစ်ရေး

 

View this post on Instagram

 

SICKENING

A post shared by EXO KAI (@mr.jonginkim) on

တကယ်တော့ လူတစ်ယောက်ရဲ့ အချစ်ရေး နဲ့ ပတ်သက်ပြီး အဲ့ဒီလူ မှာ အခွင့်အ ရေး အပြည့် အ၀ ရှိပါတယ်။ဒါပေမယ့် K Pop လောကမှာတော့ Idol တွေရဲ့ အချစ်ရေးအထိ ပရိသတ်တွေ က တော်တော် လေးကို ၀င်စွက်ဖက် လေ့ရှိကြပါတယ်။ပရိသတ်တွေ ၀ိုင်း ပြီး တိုက်ခိုက်ကြ လို့ လမ်းခွဲသွားရတဲ့ Idol အတွဲ တွေ လည်းရှိပါတယ်။ဒါကြောင့်လည်း dating သတင်း ထွက်ပြီဆိုတာ နဲ့ Fan တွေ ကို မဆီမဆိုင် တောင်းပန် ရတာက K Pop လောကရဲ့ အစဉ်အလာ တစ်ခုလို ဖြစ်နေပါတယ်။

 

View this post on Instagram

 

CHANEL Spring-Summer 2021 Ready-to-Wear show #CHANELSpringSummer #CHANEL #AD

A post shared by J (@jennierubyjane) on

အဖွဲ့ဝင်ဟောင်းနဲ့ ဆုံတာ

တစ်ချို့ Fan တွေ ကလည်းတော်တော် လေးကို ထူးဆန်းကြပါတယ်။အဖွဲ့ဝင်ဟောင်းနဲ့ လက်ရှိ အဖွဲ့ဝင်တွေ တွေ့ကြ ဆုံ ကြတာ တွေ ကို မကြိုက်ကြပါဘူး။တခါ တုန်းက MONSTA X အဖွဲ့ ၀င်တွေက အဖွဲ့ဝင်ဟောင်း Wonho နဲ့ အတူတူ အပြင်သွားလာခဲ့ပါတယ်။အဲ့ဒါကို တစ်ချို့ Fan တွေ က ဘာလို့ အရင် အဖွဲ့ဝင် ဟောင်းနဲ့ တွေ့ ရတာလဲ ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်တိုက် ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာ Hyungwon က တစ်ဖွဲ့ လုံးကိုယ်စား တောင်းပန်ခဲ့ရပါတယ်။အတူ တွေ့ဖြစ်တာကို Post တင်မိတဲ့ အတွက် တောင်းပန်ပါတယ်၊ဒါတွေ ဖြစ်ရတာ သူ့ကြောင့်ပါဆိုပြီး တောင်းပန်ခဲ့ပါတယ်။တစ်ခါ တလေကျ တော့လ ည်း အဖွဲ့ ထဲက ထွက်တဲ့ သူကို တိုက်ခိုက်သလို၊တခါ တလေ တော့လည်း ကျန်တဲ့ အဖွဲ့ဝင်တွေကို ၀ိုင်းအုံ တိုက်ခိုက် လေ့ရှိပါတယ်။

ကောလာဟလ

 

View this post on Instagram

 

#BTS #방탄소년단 #MAP_OF_THE_SOUL_PERSONA Concept Photo version 3

A post shared by BTS official (@bts.bighitofficial) on

တစ်ချို့ မမှန်မကန် ကောလာဟလ တွေ ကလည်း ကြံဖန် ထိုင် ဖန်တီးနေသူတွေ ကြောင့် ထွက်နေတာပါ။ကာယကံရှင်ရဲ့ လုပ်ရပ် ကြောင့် ထွက်တဲ့ ကောလာဟမျိုးက တော့ ချွင်းချက်ပါ။မဟုတ် မမှန် ကောလာဟလ တွေ ထွက်လာရင် လည်း ကိုယ်လဲ မလုပ်၊ကိုယ်လဲ မမှား ထားပေမယ့်လည်း တောင်းပန်ရတာက K Pop လောကရဲ့ အစဉ်အလာ တစ်ခုပါ။BTS အဖွဲ့ ၀င် Jungkook ဆိုရင် သူ့သူငယ်ချင်း တက်တူး artist Lee Mijoo နဲ့ ဖက်နေတဲ့ ပုံ က အစပြုကာ dating သတင်း ထွက်လာခဲ့ပါတယ်။သတင်း မှား ဆိုပေမယ့် လည်း ဒီသတင်း ထွက်လာရတဲ့ အတွက် Jungkook ကလည်း ပရိသတ်တွေ ကို တောင်းပန်ခဲ့ရပါတယ်။

သူတို့ မတတ်သာတဲ့ အရာတွေ

တောင်းပန်ရတဲ့ အထဲမှာ ကိုယ်ကိုယ်တိုင်လဲ ဘယ်လို မှ မတက်သာပဲ လက်ခံလိုက်ရတဲ့၊ဖြစ်ပေါ်လာတဲ့ အရာတွေ ကိုလဲ တောင်းပန်ရ တာ မျိုးတွေရှိပါတယ်။အဖွဲ့ ပြိုကွဲ တာမျိုးပါ။ကုမ္ပဏီတွေ က Idol တွေ ကို အရမ်းထိန်းချုပ် ထားတာပါ။တစ်ခါ တလေ ကျ တော့ အဖွဲ့ ဆက်သွားမယ်၊မသွားဘူးဆိုတာက ကုမ္ပဏီ ရဲ့ ဆုံးဖြတ်ချက် တွေ အပေါ်မှာ မူတည် နေတာပါ။ X1 အဖွဲ့ဆိုရင် ကုမ္ပဏီ ရဲ့ ဆုံးဖြတ် ချက် ကြောင့် ပြိုကွဲရတဲ့ Idol အဖွဲ့ ထဲက တစ်ဖွဲ့ပါ။ကိုယ့်ကြောင့် မဟုတ်ပေမယ့်လည်း X1 အဖွဲ့ ၀င်တွေ က Fan တွေကို တောင်းပန်ခဲ့ ကြပါတယ်။

#CELENOW