လူမှုကွန်ယက်တစ်ခု ဖြစ်တဲ့ Twitter အရတော့ ထိုင်းနိုင်ငံမှာ နာမည်ကြီးနေတဲ့ K-pop အဖွဲ့တွေ ထွက်ရှိလာပါတယ်။ K-pop နဲ့ ပတ်သတ်ပြီး Twitter မှာ ပိုစ့်တင် အများဆုံးနိုင်ငံတွေမှာ ထိုင်းနိုင်ငံကလည်း ပါဝင်နေပါတယ်။ ၂၀၁၉ ဇူလိုင် ၁ ရက်နေ့ကနေ ၂၀၂၀ ဇွန်လ ၃၀ ရက်နေ့အထိ ထိုင်းနိုင်ငံက twitter သုံးစွဲသူတွေကြားမှာ အပြောအများဆုံး ဖြစ်ခဲ့တဲ့ K-pop အဖွဲ့တွေကို koreaboo ကနေ အခုလိုပဲ ဖော်ပြထားခဲ့ပါတယ်။

(၁) GOT7

ထိုင်းနိုင်ငံမှာ ပရိသတ် တကယ့်ကို ခိုင်ခိုင်မာမာ ရှိနေတာကတော့ GOT7 ပဲ ဖြစ်ပါတယ်။ GOT7 အဖွဲ့ထဲမှာ ထိုင်းလူမျိုး Bam Bam ပါဝင်နေလို့ အခုလို ပရိသတ်အများကြီး ရနေတာလည်း ဖြစ်နိုင်ပါတယ်။

 

(၂) BTS

ဒုတိယမြောက် နာမည်ကြီးနေတဲ့ အဖွဲ့ကတော့ BTS ပဲ ဖြစ်ပါတယ်။ BTS လို အောင်မြင်တဲ့ အဖွဲ့အနေနဲ့ ဒီလို စာရင်းထဲ မပါစရာ အကြောင်းမရှိပါဘူး။ ကမ္ဘာမှာ အကြီးမားဆုံး ပရိသတ်အခိုင်အမာ ရှိနေတဲ့အထဲမှာ ထိုင်းနိုင်ငံကလည်း သူတို့ရဲ့ အောင်မြင်မှုတွေမှာ ပါဝင်နေတဲ့ ပရိသတ် တစိတ်တဒေသပါပဲ။

 

 

View this post on Instagram

 

#BTS #방탄소년단 #MAP_OF_THE_SOUL_7 Concept Photo version 1

A post shared by BTS official (@bts.bighitofficial) on

(၃) Blackpink

ထိုင်းနိုင်ငံရဲ့ ပရိသတ်တွေ အကြိုက်ဆုံးထဲမှာ Blackpink ကလည်း ပါကို ပါမှ ဖြစ်မှာပါပဲ။ Blackpink ကလည်း ထိုင်းနိုင်ငံက blink တွေကို အမြဲ အချစ်တွေ ပြသနေခဲ့တာပါ။ ဒါ့အပြင် Lisa လေးကလည်း ထိုင်းလူမျိုးဆိုတော့ ထိုင်းနိုင်ငံမှာ သိပ်ကို သူမက နာမည်ကြီးနေတာပါပဲ။

 

(၄) EXO

ထိုင်းပရိသတ်တွေ ကြွေတဲ့ နောက်အဖွဲ့တစ်ခုကတော့ EXO ဖြစ်ပါတယ်။ သူတို့ စပြီး ပွဲဦးထွက်တဲ့ ၂၀၁၂ ခုနှစ်တည်းက ထိုင်းရဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တာပါ။ ထိုင်းနိုင်ငံကိုလည်း မကြာခဏ သွားရောက်ခဲ့ပြီး အမြဲ ပရိသတ်တွေနဲ့ တရင်းတနှီး ရှိခဲ့ကြပါတယ်။

 

(၅) NCT 127

သူတို့အဖွဲ့ကို ပရိသတ်တွေက ချစ်ဖို့ကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ရုပ်ရည် ၊ ပင်ကို အရည်အချင်း စတာတွေက ပရိသတ်တွေကို ဖမ်းစားထားနိုင်တာပါ။ နိုင်ငံတော်တော်များများမှာ သူတို့ရဲ့ ပရိသတ်တွေ ရှိနေပါတယ်။

 

 

View this post on Instagram

 

🥊💚💚💚💚💚💚💚💚💚🥊 #인기가요 #NCT127 #Punch #NCT127_Punch #NeoZone_TheFinalRound

A post shared by NCT 127 Official Instagram (@nct127) on

Kham