1.Joomoonjin Beach 

Joomoojin ကမ်းခြေကတော့ Goblin ဇာတ်လမ်းတွဲရိုက်ပြီးနောက်မှာ ကိုရီးယားရဲ့ လူကြိုက်အများဆုံး ကမ်းခြေတစ်ခုဖြစ်လာပါတယ်။ ဒီကမ်းခြေမှာတော့ ဇာတ်လမ်းတွဲထဲကအတိုင်းပဲ ရင်သပ်ရှုမောဖွယ်လှပတဲ့ နေထွက်ချိန်ကို ကြည့်ရှုနိုင်ပါတယ်။

2.Namsan

My Love from the Stars နဲ့ Boys Over Flowers စတဲ့ ဇာတ်ကားအများစုရဲ့ ရိုမန်တစ်ဇာတ်ဝင်ခန်းတွေကိုတော့ဒီနေရာမှာ ရိုက်ကူးလေ့ရှိကြပါတယ်။ ဆိုးလ်မြို့အလည်ခေါင်မှာတည်ရှိပြီး သူရဲ့ လှပတဲ့ ညရှုခင်းတွေကကြောင့် ရုပ်ရှင်ရိုက်ကူးမှုတွေပြုလုပ်တဲ့အခါတော့ ဒီနေရာမှာပဲ ပြုလုပ်လေ့ရှိပါတယ်။

3.Cheonggyecheon

Cheonggyecheon ကတော့ ဆိုလ်းမြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ စမ်းချောင်းတစ်ခုပါ။ Athena, Iris စတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ရိုက်ကူးခဲ့တဲ့နေရာဖြစ်ပြီး လူအများစု လာရောက်အပန်းဖြေကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

4.Wolmido

ဒါကတော့ Descendants of the Sun ဒရာမာထဲမှာ ပါဝင်တဲ့ နေရာတစ်ခုဖြစ်ပြီး ဆိုးလ်မြို့ကနေ အရမ်းမဝေးတဲ့ အင်ချွန်းမြို့မှာ တည်ရှိတဲ့ ကျွန်းတစ်ခုဖြစ်ပြီး ကစားကွင်း အကြီးကြီးတစ်ခုလည်း ရှိပါတယ်။

5.Nami Island

ဒီနေရာကတော့ နာမည်ကျော်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Winter Sonata ဇာတ်လမ်းထဲမှာပါတဲ့ ရိုက်ကွင်းတစ်ခုဖြစ်ပါတယ်။ ဒီနေရာရဲ့ အဓိကဆွဲဆောင်မှုကတော့ တန်းစီပြီးတော့ ညီညီညာညာစိုက်ထားတဲ့ သစ်ပင်တွေပါပဲ။ တိတ်တိတ်ဆိတ်ဆိတ်ရှိပြီး လမ်းလျှောက်လို့လည်း အရမ်းကောင်းတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

6.Coffee Prince Café 

၂၀၀၇ ခုနှစ်တုန်းက နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Coffee Prince ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တဲ့ နေရာဖြစ်ပါတယ်။ နေ့ရာကတော့ ဆိုးလ်မြို့ရဲ့ Buamdong မှာ ဖြစ်ပါတယ်။

7.Hanmi Bookstore

ဒီစာအုပ်ဆိုင်ကတော့ Goblin ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်ခန်းတစ်ခုကို ရိုက်ကူးခဲ့တဲ့ နေရာဖြစ်ပြီး ၁၉၉၅ ခုနှစ်ကတည်းက အင်ချွန်းမြို့မှာ ဖွင့်ခဲ့တဲ့ စာအုပ်ဆိုင် တစ်ခုဖြစ်ပါတယ်။

8.Petite France

My Love From the Stars ဇာတ်လမ်းတွဲကို ရိုက်ကူးခဲတဲ့နေရာဖြစ်ပြီး ပြင်သစ်ရွာငယ်လေးပုံစံဖန်တီးထားတဲ့ တောင်ကိုရီးယားမှာရှိတဲ့ နေရာတစ်ခုပါ။

10.Korean Folk Village

ဒီနေရာမှာတော့ The Moon Embracing the Sun နဲ့ Sungkyunkwan Scandal စတဲ့ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးခဲ့ပြီးတော့ ဂျိုဆွန်းခေတ်ပုံစံဆောက်လုပ်ထားပြီး  ဂျိုဆွန်းခေတ်ဇာတ်လမ်းတွဲတွေကို ရိုက်ကူးတဲ့ကိုရီးယား ရိုးရာရွာလေးတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကိုရီးယားယဉ်ကျေးမှုနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို သင်ကြားပေးတဲ့ အစီအစဉ်တွေလည်း တစ်နှစ်ပတ်လုံး ပြုလုပ်လေ့ရှိပါတယ်။

Source: Koreaboo