ကိုရီးယားရုပ်ရှင်သရုပ်ဆောင် Song Seung-heon ဟာ မကြာသေးခင်ကမှ Dinner Mate အမည်ရတဲ့ဇာတ်ကားထဲမှာပါဝင်သရုပ်ဆောင်ခဲ့တာပါ။ စိတ်ရောဂါအထူးကုဆရာဝန်၊ နူးညံ့သိမ်မွေ့ပြီး စောင့်ရှောက်တတ်တဲ့ ဇာတ်ကောင် Kim Hae-kyung အဖြစ်ပါဝင်ထားတာပါ။ ၁၉၉၅ ခုနှစ်ကနေစလို့ Song Seung-heon ဟာ မော်ဒယ်အဖြစ်နဲ့ အနုပညာလောကထဲဝင်လာခဲ့ပြီး ယနေ့အချိန်ထိ ပရိသတ်အားပေးမှုရရှိနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ၅ရက်ကတော့ သူ့အသက် ၄၄နှစ်ပြည့်သွားခဲ့ပါပြီ။ အခုအခါမှာတော့ Song ရဲ့ဘဝအကြောင်းနဲ့ပတ်သက်ပြီး scmp သတင်းကတဆင့် ဖော်ပြပေးလိုက်ပါတယ်။
Song ဟာ ၁၉နှစ်အရွယ်မှာ အဝတ်အစားbrand တစ်ခုရဲ့မော်ဒယ်အဖြစ်နဲ့ ပွဲဦးထွက်ခဲ့တာပါ။ အဲ့ဒီတုန်းက သူငယ်ချင်းတွေနဲ့အတူ ဘိလိယက်ထိုးနေတဲ့ သူ့ရဲ့ဓာတ်ပုံဟာ မမျှော်လင့်ဘဲ လူကြိုက်များသွားခဲ့ပါတယ်။ ပွဲတုန်းကတော့ အပြိုင်အဆိုင်တွေအရမ်းများခဲ့ပြီး နောက်ဆုံးပွဲစဉ်မှာတော့ So Ji-sub, Won Bon တို့နဲ့ တွေ့ခဲ့ရကြောင်းပြောပြပါတယ်။
남자의 과거!^^
– by Honey Side https://t.co/dnxzum9A3x pic.twitter.com/ORfon5p8uX— Song SeungHeon (송승헌) (@SongSH) May 20, 2013
၂၀၂၀ခုနှစ် မေလမှာ Song ဟာ မိဘများနေ့အထိမ်းအမှတ်အဖြစ်နဲ့ သူ့မိဘတွေကိုဓာတ်ပုံကိုတင်ခဲ့ပါတယ်။ “ကျွန်တော့်မိဘတွေရဲ့သားဖြစ်လာရတာ အရမ်းကျေနပ်ပြီးပျော်ပါတယ်” လို့လည်း ရေးသားခဲ့ပါတယ်။ သူ့မိဘတွေဓာတ်ပုံကိုကြည့်တာနဲ့ Song မှာ ချောမောခန့်ညားတဲ့ရုပ်ရည်ရှိတာ သေချာစေပါတယ်။ Entertainment Weekly နဲ့ အင်တာဗျူးမှာတော့ သူက “အဖေလောက်တောင် ကျွန်တော်မချောပါဘူး” လို့ Song က ပြောခဲ့ပါတယ်။
Song ဟာ သူ့အနုပညာသက်တမ်းတစ်လျှောက်မှာ နာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ Lee Young-ae, Song-Hye-Kyo, Son Ye-jin တို့နဲ့ သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၇ခုနှစ်မှာတော့ သူဟာ အမေရိကန်-တရုတ်မင်းသမီး Liu Yifei နဲ့ဒိတ်လုပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ The Third Wave of Love ရုပ်ရှင်ရိုက်ကူးရင်းတွေ့ခဲ့တာပါ။ သူတို့စုံတွဲကို အခမ်းအနားပွဲတွေ ရှိုးပွဲတွေမှာ ချစ်စရာကောင်းစွာအတူတွဲတွေ့ရတဲ့အပြင် ၂၀၁၆မှာလည်း Liu Yifei ဟာ Song နဲ့အတူတူ ဆိုးလ်မှာ မွေးနေ့ပွဲကျင်းပခဲ့ပါသေးတယ်။ ဒါပေမဲ့ ၂၀၁၈ခုနှစ်မှာတော့ သူတို့ရဲ့၃နှစ်ကြာ အချစ်ရေးဟာ အလုပ်များလွန်းပြီး အချိန်မပေးနိုင်တဲ့အတွက် အဆုံးသတ်ခဲ့ပါတယ်။
송승헌과 유역비가 결별했다 https://t.co/HhABphOuQ2 pic.twitter.com/e2JkCo5T9U
— 허프포스트코리아 (@HuffPostKorea) January 25, 2018
Song ကိုကြည့်လိုက်ရင် အမြဲတမ်းတည်ငြိမ်အေးဆေးနေသူလို့ ထင်ရပေမယ့် သူ့မှာ ကိုးယိုးကားယားနိုင်တဲ့နေရာတွေလည်း ရှိပါတယ်။ သူ့ရဲ့ပုဂ္ဂိုလ်ရေးဘဝအကြောင်းကိုတော့ I Live Alone ရှိုးထဲမှာ တွေ့ရပါတယ်။ I Live Alone အမည်ရတဲ့ရှိုးကတော့ တစ်ဦးတည်းနေထိုင်တဲ့ဆယ်လီတွေရဲ့ အကြောင်းကို ရိုက်ကူးတဲ့ ပရိုဂရမ်ဖြစ်ပါတယ်။ Songဟာ ဒီနှစ်ကိုတော့ ဂျယ်ဂျူမှာပဲ အချိန်ကုန်ခဲ့ပါတယ်။ I Live Alone program မှာတော့ သူဟာ induction cooker သုံးတဲ့နေရာ၊ တီဗီဖွင့်တဲ့နေရာတွေမှာ သိပ်မကျွမ်းကျင်တာကိုတွေ့ရတဲ့အပြင် သူကိုယ်တိုင်ကလည်း စက်ပစ္စည်းတွေနဲ့ပတ်သက်လာရင် သူသိပ်မသိဘူးဆိုပြီး Song ကဝန်ခံသွားပါသေးတယ်။
လင်းလင်း