Justin Bieber နဲ့ Selena တို့အတူတူတွဲသွားတွဲလာ ကိစ္စဟာလူတိုင်းသိနေကြပြီဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် တရားဝင်ပြန်တွဲဖြစ်ဖို့ကတော့ Selena အပေါ်မှာမူတည်နေတယ်လို့ လူတွေကတော့ ပြောကြပါတယ်။

“Selena နဲ့အတူရှိတဲ့ အချိန်တွေဟာ Justin အတွက်တော့ အိပ်မက်လိုအချိန်တွေပါ။ Justinဟာ တစ်ခုချင်းစီတိုင်းကို ဖြေးဖြေးချင်းကြိုးစားနေပါတယ်။ ဒါပေမဲ့လဲ အဲဒါတွေက အလုပ်တော့မဖြစ်ပါဘူး။ Justin ဟာ Selenaနဲ့ အတူတူရှိဖို့ အတွက်အရမ်းကိုစိတ်လှုပ်ရှားနေပါတယ်။Justin က Selenaသူ့ကို တရားဝင်ပြန်တွဲဖို့ ပြောလာမယ့် အချိန်ကိုစောင့်နေတာပါ။ Justinက အမြန်လိုနေတာမျိုးတော့ မရှိပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့နှစ်ဦးဟာ နှလုံးသားချင်းပြန်လည်နီးစပ်နေကြပြီဆိုတာတော့သံသယ ဖြစ်စရာကိုမရှိဘူးလေ။ Justin ဟာ Selena ရဲ့မိသားစုနဲ့လဲ အဆင်ပြေဖို့လိုပါသေးတယ်။ အဲဒါကလည်း အချိန်တစ်ခုလိုတယ်ဆိုတာသူသိပါတယ်။ဒါပေမဲ့ Justinဟာ သူ့ကိုယ်သူ အရင်နဲ့မတူတဲ့ တခြားသူ တစ်ယောက်လိုမျိုးလဲ ခံစားနေရပါပြီ။ ” လို့ Justin နဲ့ရင်းနှီးတဲ့ သူတစ်ဦးကပြောခဲ့ပါတယ်။

“Justin ဟာအတိတ်မှာသူဘာတွေမှားခဲ့တာတွေကိုလည်းသိပါတယ်။ ပြီးတော့ Selenaကပိုပြီးတော့ကောင်းတဲ့ အရာတွေနဲ့ ထိုက်တန်တယ်ဆိုတာလည်း သူသဘောပေါက်ပါတယ်။Justinဟာ Selena နဲ့အတူရှိဖို့အတွက်၊ သူချစ်သူကောင်းတစ်ယောက်ဆိုတာပြဖို့အတွက် ဘာမဆိုလုပ်သွားမှာပါ”လို့လည်း ထပ်မံဖြည့်သွင်းပြောကြားခဲ့ပါတယ်။

ဟော်ကီကွင်းနဲ့ ဘုရားကျောင်းကို Selena နဲ့အတူသွားတုန်းကလည်း Justinဟာ သစ္စာရှိပြီး သဘောထားပြည့်ဝတဲ့ ရည်းစားဆိုတာ သက်သေပြဖို့ ဖြစ်မှာပါ။ လူအများစု ကိုယ့်ရဲ့ ချစ်သူမှာ ရှိစေချင်တဲ့ အရာနှစ်ခုပေါ့။ သူတို့နှစ်ယောက် ပြန်လည်ဇာတ်ပေါင်းဖို့ မျှော်လင့်ချက်တော့ရှိပါသေးတယ်။

Wint(celenow)

Source: Cosmopolitan

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။