အသက် (၂၄) နှစ်အရွယ် အဆိုတော် Justin Bieberနဲ့ အသက် (၂၁) နှစ်အရွယ် Hailey Baldwinတို့ကတော့ ပရိသတ်တွေကြားမှာ ဇဝေဇဝါဖြစ်စေခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဒီနေ့မှာ ဘွင်းဘွင်းရှင်းရှင်း ထုတ်ဖေါ်လိုက်ပါပြီ။ သူတို့နှစ်ဦး အတူချိန်းတွေ့နေတဲ့ ဓါတ်ပုံတွေများစွာ ထွက်လာပြီးနောက်မှာတော့ TMZ ကနေ Justin နဲ့ Hailey တို့နှစ်ဦး အနမ်းချင်း ဖလှယ်နေတဲ့ ဗီဒီယိုကို အမိအရ ဖမ်းပြီး ရိုက်ခဲ့ပါတယ်။

TMZ

Justin နဲ့ Haileyတို့ကတော့ Brooklyn’s Dominoပန်းခြံမှာ တွေဆုံနေခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ မြစ်ဖက်ကို မျက်နာမူပြီး အနမ်းခြင်း ဖလှယ်နေခဲ့တာ ဖြစ်ပါတယ်။

 

Instagram
TMZ

Justin နဲ့ Haileyတို့ကတော့ (၂၀၁၅) ခုနှစ်ကနေ (၂၀၁၆) ခုနှစ်အထိ တွဲခဲ့ကြတဲ့ ချစ်သူဟောင်းတွေလည်း ဖြစ်ပါတယ်။ (၂၀၁၈) ခုနှစ် ဇွန်လ(၈)ရက်နေ့က Miami ကမ်းခြေမှာ သူတို့နှစ်ယောက်ကို အတူတွဲတွေ့ရတဲ့ နောက်မှာတော့ ပရိသတ်တွေဟာ သူတို့နှစ်ယောက် အချစ်ရေး ပြန်လည် အစပြုနေပြီဆိုတာ မျက်မှန်းတန်းမိခဲ့ပါတယ်။ ဒါပေမဲ့လည်း Justinရဲ့ အတွင်းသိ အစင်းသိကတော့ Justin နဲ့ Haileyတို့ဟာ တွဲနေကြတာ မဟုတ်ပါဘူးလို့ ငြင်းခဲ့ပါတယ်။

TMZ
TMZ

Source: Hollywoodlife , TMZ