နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ဂျက်စတင်ဘီဘာတစ်ယောက် သူ့ရဲ့ လက်ကျန် Tour ဖျော်ဖြေရေးအစီအစဉ်တွေကို မကြာခင်က ဖျက်သိမ်းလိုက် တာကို ပရိသတ်တွေအားလုံးသိကြမှာပါ။အဲ့ဒီသတင်းပြီးနောက်ထပ် JB နဲ့ ပတ်သက်ပြီး နာမည်ကြီးသတင်းတစ်ပုဒ်ထပ်ထွက်လာပြန်ပါတယ်။ အဲ့ဒါကေ တာ့ JB တစ်ယောက် Hillsong Church (ဘုရားကျောင်းမှာ) ပါဝင်ခဲ့တဲ့ အကြောင်းပါ။

JB တစ်ယောက် show ပွဲတွေကို ဖျက်ရတာဟာ စိတ်ပိုင်းဆိုင်ရာ ပင်ပမ်း နွမ်းနယ်ပြီး တကယ့်ကို ခြေကုန်လက်ပန်းကျနေလို့ လို့ အားလုံးက ယုံကြည် ထားကြပေမယ့် တစ်ချို့ကတော့ ဒါဟာ JB တစ်ယောက် Hillsong Church မှာ သွားပြီး ၀တ်ပြုဆုတောင်းနေလို့ ဖျက်ရတာလို့ ယူဆနေကြပါတယ်။ဒါပေမ ယ့် ပြီးခဲ့တဲ့ သီတင်းပတ်က ဆစ်ဒနီမှာရှိတဲ့ Hillsong Conference မှာရှိေ နခဲ့တဲ့ JB ရဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်ခဲ့ပါတယ်။အဲ့ဒီမှာတော့ JB ရှိနေခဲ့တာ မှန်ေ ပမယ့်JB တစ်ယောက် ဘာလုပ်ခဲ့တယ်ဆိုတာကို သိရင်တော့ အားလုံး အံ့သြသွားကြမှာပါ။

အင်တာဗျူးနေတုန်းမှာ သွားတိုက်တံ အသေးလေးကို ထုတ်ပြီး သွား တို က်ခဲ့တာပါ။ဂျက်စတင်နဲ့အတူ Hillsong ရဲ့ခေါင်းဆောင် သင်းအုပ်ဆရာ Carl Lentz ၊သင်းအုပ်ဆရာ Rich Wilkerson Jr နဲ့ Chad Veach တို့ လည်း အတူရှိနေခဲ့ပါတယ်။သူတို့ရဲ့ ကံကြမ္မာအကြောင်း ပြောနေချိန် ဆွေးနွေးပွဲ ရဲ့ အာဘော် ‘Closer’ ဆိုတာဘာအဓိပ္ပါယ်လဲဆိုတာကို မေးလို့ Chad က ဘုရားသခင်နဲ့ ပိုပြီးတော့ နီးကပ်(closer)ဖြစ်ချင်တဲ့ အကြောင်း အာဘောင် အာရင်းနဲ့ ရှင်းပြခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ အနားမှာရှိတဲ့ JB က မပြောမဆိုနဲ့ ရုတ်တရက်ကြီး သွားတိုက်ခဲ့တာပါ။

သွားတိုက်တံမှာ သွားတိုက်ဆေး ပါ၊မပါတော့ မသေချာပေမယ့် ရေကတော့ ရှိမနေ ခဲ့တာသေချာတယ်လို့ ဆိုပါတယ်။အစောပိုင်းက စကား ပြောနေကြ တုန်းကတော့ JB က “Hillsong ကို လာတဲ့အကြောင်းက လူတွေ ဘုရားသ ခင်ကို ချီးမွင်းဝတ်ပြုဆုတောင်းနေတာကို ကြည့်ချင်ရုံပဲလို့ ပြောခဲ့ ပါတယ်။လူေ တွကို ပိုချစ်ချင်တယ်။Carl ကိုလည်း ပိုချစ်ချင်တယ်လို့ ပြောခဲ့တာပါ။ Hillsong Church မှာ ဂျက်စတင်(ဘုရားကျောင်း)တတ်တာဟာဆိုရင် နှစ်နှစ် လောက် ရှိနေခဲ့ပါပြီ။

ဘာသာရေးယုံကြည်သက်ဝင်သူ သင်းအုပ်ဆရာ Carl နဲ့လည်း ရင်းနှီးပြီး (၂၀၁၅)က JB ကို ခရစ်ယာန်အသင်းတော် ၀င်အဖြစ်သွတ်သွင်းခဲ့ တာပါ။JB ဘာကြောင့် သွားတိုက်ခဲ့သလဲ ဆိုတာကို မသိရသေးပါဘူး။ Hill song ဘုရားကျောင်းတတ်တဲ့ သူတွေထဲမှာ Selena Gomez ၊ Kendall Jenner အစရှိတဲ့ နာမည်ကြီးဆယ်လီတွေလည်း ပါဝင်ပါတယ်။

Celenow Team မှ စီစဉ်တင်ဆက်သော www.Celenow. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့် မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Ref;metro