Selena နဲ့ Justin တို့ဟာ ၂၀၁၈ ခုနှစ် နှစ်သစ်ကို အတူတူ ဖြတ်သန်းခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ မက္ကစီကိုမှာ ရှိတဲ့ Cabo San Lucas အပန်းဖြေကမ်းခြေမှာ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ New Year ညကို ဖြတ်သန်းခဲ့ပါတယ်။ ကမ်းခြေကိုတော့ Justin မရောက်ခင်ကတည်းက Selena က သူ့ရဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့ ဗုဒ္ဓဟူးနေ့ နေ့လည်ကတည်းက ရောက်ရှိနေတာဖြစ်ပါတယ်။

Selena နဲ့ Justin တို့ဟာ ကမ်းခြေမှာ မီးရှုးမီးပန်းလွှတ်တာတွေလဲ အတူတူ ကြည့်ခဲ့ကြပါတယ်တဲ့။ ၂၀၁၈ ခုနှစ်ကိုလည်း Justin ဟာ Selena နဲ့အတူတကွ ဖြတ်သန်းနိုင်ဖို့ မျှော်လင့်လျက်ရှိတယ်လို့လည်း သတင်းအရင်းအမြစ်တစ်ခုက ပြောပြခဲ့ပါတယ်။

Source: E news