ဈေးကွက်မှာ ဈေးခပ်မြင့်မြင့်နဲ့ စွတ်ဖိနပ်တွေကို သိကြမယ်ထင်ပါတယ်။ Crocs ရဲ့ စွတ်ဖိနပ်တွေဟာ အိစက်ညက်ညောပြီး ခြေထောက်ကို သက်တောင့်သက်သာဖြစ်စေတာကြောင့် တချို့လူတွေရဲ့ အသည်းစွဲဖြစ်နေကြသလို တချို့အတွက်ကိုတော့ Crocs တွေဟာ သူ့ရဲ့ပုံစံကြောင့်ပဲ လူအများရဲ့ ရှုတ်ချမှုကိုလည်း တပြိုင်နက်တည်းခံနေရတာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာကျော်အဆိုတော် Justin Bieber ကတော့ Crocs စွတ်ဖိနပ်ချစ်သူထဲက တစ်ဦးပါပဲ။ အခုလည်း Crocs ဟာ Justin Bieber နဲ့ ပူးပေါင်းပြီးတော့ သီးသန့်ဖိနပ်ဒီဇိုင်းတွေကို သီးသန့်ထုတ်ခဲ့ပါတယ်။ Justin Bieber ကိုယ်တိုင်နဲ့တော့မဟုတ်ဘဲ သူ့ရဲ့ clothing brand ဖြစ်တဲ့ Drew House နဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တာပါ။ မနေ့တုန်းကမှစတင်မိတ်ဆက်ခဲ့တဲ့ Crocs x Drew တို့ရဲ့ ဖိနပ်လေးကို ကြည့်လိုက်ရအောင်။
View this post on Instagram
ဖိနပ်အရောင်ကိုတော့ အဝါရောင်ကို ရွေးချယ်ထားပါတယ်။ အဝါရောင်ဟာ Justin Bieber ရဲ့ Drew House ရဲ့ signature အရောင်လို့လည်း ဆိုရမှာပါပဲ။ ထူးခြားချက်ကတော့ ဖိနပ်မှာပါတဲ့ charms လေးတွေပါပဲ။ Charms လေးတွေဟာ တစ်ဖက်မှာ ၄ ခုစီ ပါဝင်နေပြီးတော့ “Drew” တို့၊ နောက် သူ့ရဲ့ တံဆိပ်ဖြစ်တဲ့ smiley ပုံစံလေးကိုမှ ပေါင်းစုံအောင်လုပ်ထားတဲ့ charm ဒီဇိုင်းလေးတွေပါ။


စတင်ရောင်းချမယ့်နေ့ကတော့ အောက်တိုဘာလ ၁၃ ရက်နေ့မှာဖြစ်ပြီးတော့ တစ်ရံကို ဒေါ်လာ ၆၀ လို့ သတ်မှတ်ထားပါတယ်။


View this post on Instagram
penny