အသက်၂၅ နှစ်အရွယ် Justin Bieber ကတော့ အသက် ၅၆ နှစ်အရွယ် အက်ရှင်မင်းသားကြီး Tom Cruise နဲ့ တပွဲတစ်လမ်းနွှဲချင်ပါတယ်ဆိုပြီးတော့ သူ့ရဲ့ တွစ်တာပေါ်မှာ အခုလို ရေးသားထားခဲ့တာဖြစ်ပါတယ်။

twitter

” Tom Cruise နဲ့ octagon မှာ တစ်ပွဲတစ်လမ်းနွှဲဖို့အတွက် စိန်ခေါ်ချင်တယ်။ ဒီစိန်ခေါ်မှုကို လက်မခံရင်တော့ ကြောက်တတ်တဲ့သူအဖြစ်နဲ့ အတိတ်ကိုစဉ်းစားတိုင်း အရှက်ရနေတော့လိမ့်မယ် Tom. ဒီပွဲကို ဘယ်သူ ဘယ်သူ ပါချင်သေးလဲ ” လို့ရေးထားပြီး UFC ရဲ့ ခေါင်းဆောင် Dana White ကိုလည်း mention ခေါ်ထားပါသေးတယ်။

from tom cruise instagram
from justin instagram

ဒါပေမဲ့ ပရိသတ်တွေ ထင်ထားတဲ့အတိုင်းပဲ အဲဒီ tweet ဟာ စနောက်တာတစ်ခုသာဖြစ်ကြောင်းကို TMZ သတင်းနဲ့ အင်တာဗျူးမှာ ဖြေပေးခဲ့ပါတယ်။ Justin Bieber ကတော့ အင်တာဗျူးတစ်ခုမှာ Tom Cruise ကို တွေ့ပြီးတဲ့နောက် အဲဒီ tweet ကို ရေးသားခဲ့တာဖြစ်ကြောင်းပြောခဲ့ပြီး ဒါဟာ သာမန် tweet လေးတစ်ခုပဲလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် Justin Bieber ကတော့ Tom Cruise နဲ့ဆို သူပဲ ခံရမှာဖြစ်တဲ့အကြောင်းကိုလည်း ဝန်ခံသွားခဲ့ပါတယ်။

from tom cruise instagram
from justin instagram

Source: Complex