ကမ္ဘာကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ Justin Bieber ကိုတော့ တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ မကြာသေးခင်အချိန်တုန်းက ထွက်ရှိခဲ့တဲ့ Holy နဲ့ Lonely သီချင်းသစ် ၂ ပုဒ်ဟာလည်း သူ့ပရိသတ်တွေ တော်တော်များများ အားရကျေနပ်ခဲ့တဲ့ သီချင်းအသစ်တွေဆိုလည်း မမှားပါဘူး။ အခုလည်း Justin ဟာ မကြာခင်အချိန်အတွင်း သူ့ရဲ့ တတိယမြောက် Documentary film ထွက်ရှိတော့မယ့်အကြောင်းကို တရားဝင်ကြေညာခဲ့သလို Youtube ပေါ်မှာလည်း အဆိုပါ Documentary film နဲ့ ပတ်သတ်ပြီး trailer တစ်ခုတင်ခဲ့ကြောင်း ew.com သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အပေါ်မှာတွေ့ရတဲ့ ဗီဒီယိုကတော့ Justin ရဲ့ မကြာခင်အချိန်မှာ ထွက်ရှိတော့မယ့် Justin Bieber: Next Chapter လို့ အမည်ရတဲ့ Documentary film ရဲ့ trailer ပဲ ဖြစ်ပါတယ်။ Justin ဟာ ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ Justin Bieber: Never Say Never နဲ့ Justin Bieber: Believe လို့ အမည်ရတဲ့ Documentary film နှစ်ခု ထွက်ရှိခဲ့ပြီး အဆိုပါ Documentary film ၂ ခုလုံးဟာ ပရိသတ်တော်တော်များများရဲ့ အားပေးမှုကို တော်တော်လေး ရရှိခဲ့သလို အောင်မြင်မှု မှတ်တိုင် ၂ ခုကို စိုက်ထူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

 

 

View this post on Instagram

 

Whole crew is lounging, celebrating everyday no more public housing. – BIGGIE

A post shared by Justin Bieber (@justinbieber) on

အခု တတိယမြောက် Documentary film တစ်ခုဖြစ်တဲ့ Justin Bieber: Next Chapter ဟာလည်း လာမယ့် အောက်တိုဘာလ ၃၀ ရက်နေ့မှာ ထွက်ရှိ မှာပဲ ဖြစ်ပါတယ်။ အဆိုပါ Documentary film ထဲမှာတော့ ဒီ ၂၀၂၀ ခုနှစ်ကို Justin တစ်ယောက် တော်တော်လေး ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတဲ့အကြောင်းတွေ၊ သူ့ရဲ့ မိန်းမ Hailey Bieber ရဲ့ အားပေးကူညီနှစ်သိမ့်မှုတွေ၊ ဘော်ဒါတွေဖြစ်တဲ့ Chance the Rapper နဲ့ Scooter Braun တို့ရဲ့ ဘော်ဒါစိတ်ရှိမှုတွေနဲ့ ဒီအတောအတွင်း ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို အဆို Justin Bieber” Next Chapter ထဲမှာ တွေ့ရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ကျိန်းသေတာကတော့ ဒီ Documentary film အသစ်ဟာလည်း Justin ရဲ့ ပရိသတ်တွေအကြိုက် ဖြစ်နေအုံးမယ် ဆိုတာပါပဲ။

 

 

View this post on Instagram

 

Date night

A post shared by Justin Bieber (@justinbieber) on

Pyi Hein Kyaw