BTS ရဲ့ပရိတ်သတ်တွေကတော့ Jungkook ရဲ့လုပ်ရပ်ကြောင့် အရမ်းကို ဂုဏ်ယူမိခဲ့ကြပါတယ်နော်။ မကြာသေးခင်က BTS ပရိတ်သတ် ARMY တွေက ဟိုးအရင် BTS ရဲ့ ဗီဒီယိုတစ်ချို့ကို ပြန်လည်ကြည့်ဖြစ်ခဲ့ကြပါတယ်။ ဒီသတင်းကို sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။

 

ဒီလိုကြည့်ဖြစ်ပြီးနောက်မှာတော့ Santiago, Chile မှာပြုလုပ်ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့ ‘2017 BTS Wings Tour’ ပွဲကြီးမှာ Jungkook ရဲ့ အဖြစ်အပျက်ကို ပြန်လည်အမှတ်ရသွားစေခဲ့ပါတယ်နော်။ အဲဒီ့အချိန်တုန်းက Jungkook ဟာ ‘FIRE’ သီချင်းနဲ့ ဖျော်ဖြေတင်ဆက်တဲ့ အချိန်မှာ အားအင်တွေ ကုန်ခမ်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ ဖျော်ဖြေမှုကို အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီး ဘာမှမဖြစ်သလို ဟန်ဆောင်ကောင်းလွန်းခဲ့သူပါ။ အဲဒီ့အစီအစဉ်ရဲ့ behind the scene ကို ပြသတဲ့အခါကျတော့မှ ပရိတ်သတ်တွေက လုံးဝကို မတူညီတဲ့ အခြေအနေကို တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။

 

စင်နောက်မှာတော့ Jungkook ရဲ့ လုံးဝကို နေမကောင်းတဲ့ပုံစံကို မြင်တွေ့ရမှာဖြစ်ပြီး အသက်ရှုကြိယာကိုတောင် အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ပွဲမဆုံးခင်အချိန်အထိ ကိုယ့်ကိုယ်ကို လုံးဝတောင့်ခံထားခဲ့တာပါ။

 

ဒီဗီဒီယိုလေးမှာတော့ တစ်ခြားသော အဖွဲ့ဝင်တွေက Jungkook ရဲ့အဲနေ့ကအခြေအနေကို အစိုးရိမ်မိကြောင်း ပြောထားကြပါတယ်။ SUGA က “အမှန်တော့ ကျွန်တော် bathroom ထဲမှာ နည်းနည်းလောက် ငိုမိခဲ့ပါတယ် ကျွန်တော် သူ့အတွက် စိုးရိမ်လွန်းတဲ့ အတွက်ပါ” ဆိုပြီး ပြောထားပါတယ်။ RM ကလည်း “ကျွန်တော် သူ့ကို ‘FIRE’ သီချင်းဆိုနေတုန်းမှာတွေ့တော့ သူဘယ်လောက်တောင် ခံစားနေရလဲဆိုတာကို သတိထားမိလိုက်ပါတယ်” JIMIN က “ကျွန်တော် သူ့ကိုမေးလိုက်ပါတယ် ဘာလို့နေမကောင်းပဲနဲ့ အဆင်ပြေသလို ဟန်ဆောင်နေရတာလဲဆိုတော့ သူက ဒါက Chile မှာ ငါတို့ရဲ့ နောက်ဆုံးနေ့လေးလေ ငါတို့ ဒီမှာအကြာကြီးမရှိနိုင်တဲ့အတွက် ငါတို့ရဲ့ ပရိတ်သတ်တွေကိုတော့ အကောင်းဆုံးလုပ်ပြချင်တဲ့အတွက် ဆိုပြီး ပြောခဲ့တာပါ” လို့ ပြောပြသွားခဲ့ပါတယ်။

ဒီ Fancam ဗီဒီယိုလေး ထွက်လာတဲ့အခါမှာတော့ ပရိတ်သတ်တွေက အရမ်းကို ဝမ်းနည်းပြီး ငိုခဲ့ကြပါတယ်နော်။

Khin