Running Man အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jun So Min ကတော့ အခုဆိုရင် RM ပရိသတ်အခိုင်အမာ ရရှိထားတဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ဂယ်ရီထွက်ပြီးနောက် Jun So Min နဲ့ Yang Se Chan ကို အဖွဲ့ဝင် သစ် နှစ် ယောက် အဖြစ် RM မှာ ထည့်သွင်းအားဖြည့်ခဲ့တာပါ။ Jun So Min  ကတော့ ပြီးခဲ့တဲ့ RM အပိုင်းမှာ အရင်က ချစ်သူ ဟောင်းအကြောင်းကို တွေးရင်း မျက်ရည်ကျခဲ့ပါတယ်။

soompi

ဇွန်(၂၄)ရက်နေ့က အပိုင်းမှာတော့ အဖွဲ့ဝင်တွေဟာ မတူညီတဲ့ ခရီးတွေကို နှစ်ဖွဲ့ခွဲပြီးသွားခဲ့ကြပါတယ်။ Yoo Jae Suk, Lee Kwang Soo, Jun So Min, Ji Suk Jin, Lee Sang Yeob နဲ့  Lee Da Hee  တို့က အင်္ဂလန် ကို သွားခဲ့ကြပါတယ်။“Wing Walking” ဆိုတဲ့ သည်းထိတ်ရင်ဖို စွန့်စားခန်းကို ပြစ်ဒဏ်တစ်ခု အဖြစ် ခံယူဖို့ သွားကြ တာပါ။ ကျန်တဲ့ အဖွဲ့ဝင်တွေကတော့ နယူးဇီလန်ကို ဇိမ်ခံ အပမ်းဖြေခရီးအဖြစ် သွားခဲ့ကြပါတယ်။

အင်္ဂလန်ကို ဘတ်စ်နဲ့ သွားနေတဲ့ တစ်လျောက်လုံးမှာ “Running Man” အဖွဲ့ဝင်တွေက ဖုန်းကိုယ်စီနဲ့ သီချင်း နားထောင်နေခဲ့ပါတယ်။ အချစ်သီချင်း အနှေးတွေကို နားထောင်နေချိန်မှာပဲ Jun So Min  က သူမရဲ့ Ex အကြောင်း ကို သတိရလွမ်းမိသွားပုံရပါတယ်။ “တစ်ချိန်တုန်းက ကျမကြိုက်ခဲ့ဖူးတဲ့ အမျိုးသားတစ်ယောက် သီချင်းဆိုနေတာကို တိတ်တိတ်လေးခိုးပြီး အသံသွင်းထားခဲ့ဖူးတယ်..နောက်ပိုင်းကျတော့ အဲ့ဒါကို ကျမဟာ ကျမ ပြန်နားထောင် ခဲ့ဖူး တယ်..” ဆိုပြီး ပြောခဲ့ပါတယ်။ အသည်းကွဲသီချင်းတွေ ကြားလိုက်ရပြီးခဏ အကြာမှာတော့ Jun So Min တစ်ယောက် မျက်ရည်တွေပါဝဲလာခဲ့ပါတယ်။”…..ဒီရက်ပိုင်းတွေမှာ ကောင်းကောင်နေနေရဲ့လား..” ဆိုပြီး (နာမည်ေ နရာကို ဆင်ဆာဖြတ်ထား) ဆိုပြီး ခံစားချက်အပြည့်နဲ့ မေးခဲ့ပါတယ်။

 

Source soompi