မင်းသမီး Jun Ji Hyun ကတော့ တောင်ကိုရီးယားရဲ့ နာမည်ကျော် မင်းသမီး အလှ ပဂေးတွေထဲက တစ်ယောက်ပါ။(၂၀၀၁)ခုနှစ်က My Sassy Girl ဇာတ်ကားနဲ့ ပရိသတ်တွေကြားမှာ လူသိများလာသူပါ။ My Love from the Star၊ The Legend of the Blue Sea အစရှိတဲ့ ဇာတ်လမ်းတွဲ တွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အရယူ ထားသူပါ။Jun Ji Hyun ရဲ့ အသက်ကတော့ အခုဆိုရင် (၃၇)နှစ်ပါ။ ကလေလေးနှစ်ယောက်ရှိပါတယ်။ ကလေးနှစ်ယောက် အမေ (၃၇)လို့ မထင်ရလောက်အောင် နုပျို လှပလွန်းသူပါ။

Image- pinterest
Image- pinterest

Jun Ji Hyun ကတော့ လက်ဝတ်ရတနာ Brand တစ်ခုဖြစ်တဲ့ ‘Stonehenge,’ ရဲ့ ambassador  တစ် ယောက်ပါ။ ဒါကြောင့်လည်း နွေရာသီအတွက် summer collection  တွေကို သူမက ၀တ်ပြပြီး ကြော်ငြာပေးခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ kstarlive မှာ ဖော်ပြထားတာပါ။ Stonehenge ရဲ့ လက်ဝတ်ရတနာ တွေ နဲ့ သူမရဲ့ ကျက်သရေရှိပြီး အဆင့်အတန်းရှိတဲ့ အလှမျိုးနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ အမိုက်စား ညှို့ အားပြင်း ပုံ ရိပ်တွေ ထွက်ပေါ်လာပါတယ်။

Image Source: 소톤헨지
Image Source: 소톤헨지
Image Source: 소톤헨지

Jun Ji Hyun ဟာ ဘဏ်လုပ်ငန်းရှင် Choi Joon Hyuk နဲ့ (၂၀၁၂) ကလက်ထပ်ခဲ့တာပါ။ ပထမဆုံးကလေးကိုေ တာ့ (၂၀၁၆) ဖေဖော်ဝါရီက မွေးဖွားခဲ့ပါတယ်။ ဒုတိယရင်သွေးလေးကို (၂၀၁၈) ဇန်န၀ါရီလက မွေးဖွားခဲ့တာပါ။

Image Source: 소톤헨지
Image Source: 소톤헨지
Image Source: 소톤헨지

#CELENOW