SHINee အဖွဲ့ဝင် Jonghyun ရဲ့ ဈာပနကို ဒီဇင်ဘာလ(၂၁)ရက်နေ့ မနက်အစောပိုင်းမှာ ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။ Jonghyun ရဲ့ နောက်ဆုံးခရီးကိုတော့ သူရဲ့ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေက လိုက်လံပို့ဆောင်ပေးခဲ့ကြပါတယ်။

Jonghyun ရဲ့ ရုပ်အလောင်းကိုသယ်ဆောင်လာတဲ့ အချိန်မှာတော့ ပရိသတ် (၃၀၀)ကျော်လောက်က စုဝေးပြီးစောင့်နေခဲ့ကြပါတယ်။ Jonghyunရဲ့ ရုပ်အလောင်းကို ကားထဲထည့်ပြီးသယ်ဆောင်သွားတဲ့ အချိန်မှာတော့ Jonghyun ထွက်ခွာသွားတာကို နှုတ်ဆက်ဖို့အတွက် ပရိသတ် (၁,၀၀၀)လောက် လာရောက်ခဲ့ကြပါတယ်။

Jonghyun ရဲ့ ရုပ်အလောင်းကို သယ်ဆောင်သူတွေအဖြစ် SHINee အဖွဲ့ဝင်တွေဖြစ်တဲ့ Onew, Key နဲ့  Taemin တို့နဲ့အတူ Super Junior ရဲ့ Leeteuk, Donghae နဲ့ Eunhyuk တို့က ဆောင်ရွက်ကြပြီး  SHINee အဖွဲ့ဝင်  Minho နဲ့ Jonghyun ရဲ့ အစ်မတို့က ဈာပနမှာ ဦးဆောင်သူတွေအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။

ဈာပနအခမ်းအနားမှာတော့ Jonghyunရဲ့ ပရိသတ်တွေ၊ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ၀မ်းနည်းမှုတွေ၊ငိုကြွေးသံတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

Source: Koreaboo