John Cena ကတော့ ကျွန်တော်တို့ငယ်ငယ်တန်းကတည်းက ရင်းနှီးကျွမ်းဝင်နေခဲ့သူတစ်ဦးပါ။ WWE နပန်းပွဲတွေက အစပြုပြီး John Cena ကို သိခဲ့ပေမယ့်လို့ နောက်ပိုင်း John Cena တစ်ယောက် ဟောလိဝုဒ်လောကထဲကိုလည်း ခြေလှမ်းလှမ်းလာခဲ့ပါတယ်။

12 Rounds

The Marine တို့၊ 12 Rounds, Transformer ရဲ့ အဆက်ဖြစ်တဲ့ Bumblebee တို့လို အက်ရှင်ရုပ်ရှင်တွေအပြင်ကိုမှ Daddy’s Home, Blockers စတဲ့ မိသားစုဟာသဒရာမာကားတွေထဲမှာလည်း သရုပ်ဆောင်ခဲ့ဖူးပါသေးတယ်။ အခု ၂၀၂၁ ထဲမှာလည်း John Cena အနေနဲ့ ရုပ်ရှင်သစ် ၂ ကားတောင် ထွက်လာဖို့ ရှိနေပါတယ်တဲ့။ ပထမကားကတော့ superhero ရုပ်ရှင်တွေကို ထုတ်လုပ်နေခဲ့တဲ့ နာမည်ကြီး ထိပ်တန်းတွေထဲက တစ်ခုဖြစ်တဲ့ DC နဲ့ဖြစ်ပါတယ်။ John Cena က DC ရဲ့ superhero ရုပ်ရှင်ထဲ ပါဝင်သရုပ်ဆောင်မှာပေါ့။

DC
Bublebee

Superhero ဆိုတာထက် supe-villain ရုပ်ရှင်ဆိုရင်ပိုမှန်မှာပါ။ ၂၀၁၆ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Suicide Squad ကို အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။ Joker, Harley Queen, Dead Shot စတဲ့ နာမည်ကြီး ဗီလိန်ဇာတ်ကောင်တွေပါဝင်နေခဲ့ပြီး ဒုတိယမြောက်ကားကိုတော့ အခုလာမယ့် ၂၀၂၁ ထဲမှာ ပြသွားမယ်လို့ သိထားပါတယ်။

SUICIDE SQUAD

John Cena ကတော့ အခု ၂၀၂၁ မှာ ထွက်လာမယ့် Suicide Squad ထဲမှာ “Peacemaker” အဖြစ်သရုပ်ဆောင်ရမှာပါ။ HBO မှာ ပြသမှာဖြစ်ပါတယ်။ ဒီအပြင် John Cena ဟာ ၂၀၂၁ ထဲမှာပဲ Fast & Furious ကားအသစ်မှာလည်းပါဝင်သွားဦးမှာပါ။

 

 

View this post on Instagram

 

A post shared by John Cena (@johncena) on

 

View this post on Instagram

 

A post shared by John Cena (@johncena) on


penny