The Big Bang Theory စီးရီးနဲ့ လူသိများလာခဲ့တဲ့ Jim Parsons ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်အများစုကတော့ သိရှိပြီး ဖြစ်ကြမှာပါ။ The Big Bang Theory စီးရီးကတော့ ၂၀၀၇ ခုနှစ်ကတည်းက ထွက်ရှိခဲ့ပြီး လက်ရှိ Netflix မှာ လူကြည့်အများဆုံး ဟာသစီးရီးတစ်ခုဆိုလည်း မမှာပါဘူး။ အခုလည်း The Big Bang Theory ထဲက မင်းသားတစ်ဦးဖြစ်သူ Jim Parsons နဲ့ သူ့ရဲ့ အမျိုးသားဖြစ်သူ Todd Spiewak တို့ဟာ လွန်ခဲ့တဲ့ ၆ လလောက်နီးပါးက COVID 19 ကူးစက်ခံခဲ့ရတဲ့ အချိန်မှာ ခက်ခက်ခဲခဲ ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံကို Jimmy Fallon ရဲ့ Talk show တစ်ခုမှာ ထုတ်ဖော်ပြောကြားခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

Three weeks until Boys in the Band. September 30. @netflixfilm

A post shared by Jim Parsons (@therealjimparsons) on

Jim နဲ့ Todd တို့ဟာ ၂၀၁၇ ခုနှစ်ကတည်းက တရားဝင် လက်ထပ်ခဲ့ကြပြီး အတူတူနေခဲ့ကြတာ ဖြစ်ပါတယ်။ Jim နဲ့ Todd တို့ဟာ ၂၀၂၀ ခုနှစ်၊ မတ်လအလယ်လောက်ကတည်းက နှစ်ယောက်သား အအေးမိဝေဒနာ ခံစားခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ အအေးမိတဲ့ ရောဂါဟာ တော်ရုံနဲ့ မပျောက်ကင်းပဲ နှစ်ယောက်စလုံးဟာ ဧပြီလလောက်မှာ အနံ့စတင်ပျောက်သွားခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်ယောက်စားဟာ မသင်္ကာတာကြောင့် ဆေးသွားစစ်လိုက်တဲ့အခါမှာတော့ သူတို့နှစ်ယောက်စလုံးမှာ COVID 19 ရောဂါ positive ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။

 

 

View this post on Instagram

 

night session at @usopen ! thank you for having us @tennischannel it’s a lotta fun 🎾 ❤️ Go @tay_taytownsend !

A post shared by Jim Parsons (@therealjimparsons) on

စစသိချင်းမှာတော့ Jim နဲ့ Todd တို့ဟာ တော်တော်ကြောက်လန့်ခဲ့ပြီး အိမ်ထဲမှာပဲ နှစ်ယောက်သား ဘယ်မှကို မသွားပဲ နေခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ Jim တစ်ယောက် ဘာစားစား အရသာလုံးဝမခံနိုင်တော့တဲ့အပြင် ညဖက်ဆို အသက်ရှုတွေပါ ကျပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အားတင်းထားပြီး ကိုယ်ခံအားကောင်းစေမယ့် အစားအစာတွေပဲ ရွေးချယ်စားသောက်ခဲ့သလို အားကစားကိုလည်း နှစ်ယောက်သားအတူတူ လုပ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ သိပ်မကြာခင်အချိန်မှာပဲ ရောဂါက တဖြည်းဖြည်း သက်သာလာခဲ့ပြီး သြဂုတ်လထဲ ဆေးထပ်စစ်ကြည့်တဲ့ အချိန်မှတော့ နှစ်ယောက်စလုံးမှာ COVID 19 ရောဂါပိုးမရှိတော့ပဲ ပျောက်ကင်းသွားကြောင်း သိရပါတယ်။

“အဲဒီအချိန်မျာ သိသိချင်း တော်တော်လေးကို အထိတ်တလန့်ဖြစ်ခဲ့ရတာပါ။ တဖြည်းဖြည်းလူက အနံ့ပါပျောက်ပြီး စားသမျှစားစရာတွေလည်း အရသာမရှိတော့ပါဘူး။ အဆိုးဆုံးက ဘာစားစား အရာသာခံလို့ လုံးဝမရတော့တာပါပဲ။ တော်တော်လေးကို စိတ်ညစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း စိတ်တင်းပြီး လေ့ကျင့်ခန်းတွေလုပ်၊ အားရှိတဲ့အစားအစာတွေစားပြီး နောက်ဆုံးမှာတော့ ရောဂါပျောက်ကင်းခဲ့ရတာပါ”လို့ Jim က ပြောကြားခဲ့ပါတယ်။

 

 

View this post on Instagram

 

The nerd-tastic event of Sheldon’s dreams is starting today at DCFanDome.com! We hope to see you there 💥

A post shared by The Big Bang Theory (@bigbangtheory) on

Pyi Hein Kyaw