Ji Suk Jin ကတော့ Running Man ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး အစ်ကိုနှာခေါင်းကြီးလို့ အားလုံးက ချစ်စနိုးနဲ့ ခေါ် ကြပါတယ်။Ji Suk Jin တစ်ယောက်တော့ လက်တလောမှာ သူ့ရဲ့ ဖခင်အတွက် ကြေကွဲ ၀မ်းနည်းနေပါတယ်။ အစ်ကို နှာခေါင်းကြီးရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားပါပြီ။ဇွန်လ (၂၁)ရက်နေ့က Ji Suk Jin  ရဲ့ အေဂျင်စီဘက်ကနေ Ji Suk Jin ရဲ့ ဖခင်ကွယ်လွန်တဲ့ အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။နာတာရှည်ရောဂါကြောင့် ကွယ်လွန် သွား တာလို့ သိရပါတယ်။Ji Suk Jin တစ်ယောက် ၀မ်းနည်းနေကြောင်း၊သူ့ရဲ့ အလုပ်အချိန် ဇယား schedule  ကို ပြန်ညှိနေတယ်လို့ သိရပါတယ်။

Kim Shin Young နဲ့ Kim Hyun Chul  တို့ကလည်း Ji Suk Jin ရဲ့ ရေဒီယိုပရိုဂရမ် အတွက်  ဇွန် (၂၁)ရက်နေ့က ကူညီပေးခဲ့ပါတယ်။Running Man ဘက်ကလည်း ဒီသတင်းအတွက် ၀မ်းနည်း ကြောင်း၊ဒါကြောင့် ဇွန်(၂၅) မှာ Recording လုပ်မယ့် အစီအစဉ်ကို  ရွှေ့ဆိုင်းပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဘယ်ရက်ကို recording date အဖြစ် ပြန်သတ်မှတ်မလဲ ဆိုတာကိုတော့ အခုထိ သေချာ မဆုံးဖြတ်ရသေးပါဘူး။ BLACKPINK  က ဇွန် (၂၅) recording မှာ ပါဝင် ဖို့ စီစဉ်ထားပေမယ့် အခု recording schedule  အပြောင်းအလဲကြောင့် BLACKPINK ပါဝင် မယ့် ကိစ္စကိုလည်း ရွှေ့ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။

Source soompi