အစ်ကိုနှာခေါင်းကြီးလို့ မြန်မာပရိသတ်တွေက ခေါ်ကြတဲ့ ZRunning Man အဖွဲ့ ၀င် Ji Suk Jinာ ကတော့ MC ကြီး Yoo Jae Suk ကို ကျေးဇူးတင်စကားပြောလိုက်ပါတယ်။ MBC FM4U’ ရဲ့ “Two O’Clock Date With Ji Suk Jin” မှာ ဇွန်လ(၂၈)ရက်နေ့က ပါဝင်ပေးခဲ့ပါတယ်။ ဖခင် ဖြစ်သူက ဇွန်(၂၁)ရက်နေ့ကမှ ကွယ်လွန်ထားတာဖြစ်ပြီး ဖခင်ကွယ်လွန်ပြီးနောက် တစ်ပတ် အကြာမှာပဲ ထွက်ပေါ်လာခဲ့တာပါ။

soompi
soompi

Radio Show စလိုက်ပြီဆိုတာနဲ့သူမရှိတဲ့ အချိန်မှာ special DJs အဖြစ် ၀င်လုပ်ပေးထားတဲ့ သူတွေ ကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။တစ်ယောက်ချင်းစီကို နာမည်ထုတ်ပြောပြီး ကေျးဇူးတင် စကားဆိုခဲ့တာပါ။Park Ji Sun, Moon Ji Ae, Kim Jong Kook,  HaHa  တို့ကို ကျေးဇူး တင်ပါတယ်လို့ ပြောခဲ့တာပါ။ကျေးဇူးတင်စကားတွေပြောရင်းနဲ့ Yoo Jae Suk  ကို အရမ်းကျေးဇူး တင်တဲ့ အကြောင်းပြောခဲ့ပါတယ်။”ကျတော်နဲ့ အတူ ဈာပနာပွဲမှာ (၂) ရက်လုံးရှိနေပေးတဲ့ Yoo Jae Suk ကို အရမ်းကျေးဇူးတင်ပါတယ်..အဲ့ဒီမှာ အဆုံးထိရှိနေပေးတဲ့ Kim Yong Man နဲ့ Park Su Hong တို့ကိုလဲ ကျေးဇူးတင်ပါတယ်..အများကြီးအကူအညီတွေ ယူလိုက်ရတယ်လို့ ခံစား မိလို့ အရမ်းခံစားရပါတယ်..” ဆိုပြီးပြောခဲ့ပါတယ်။

WowKeren.com

“စကားလုံးနဲ့တောင် ဘယ်လို ဖော်ပြရမလဲ မသိတော့ဘူး..အားလုံးပဲ ကျတော့်ရဲ့ စိတ်ရင်း ကို အားလုံးပဲ ခံစားသိရှိကြဖို့ မျှော်လင့်ပါတယ်..ကျတော့်ကို အဆင်ပြေအောင် ကူညီပေးသူေ တွ. .မက်ဆေ့ခ်ျတွေ ပို့ပေးကြသူတွေ အနားမှာနေပေးကြသူတွေကို ကျေးဇူးတင်ပါတယ်..တစ်သက်လုံး အမြဲအမှတ်ရနေမှာပါ..အားလုံးကို စိတ်ရင်းနဲ့ လေးလေးနက်နက် ကျေးဇူးတင်ပါတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။

tumblr.com

Source soompi