Ji Suk Jin ကတော့ သူ့ရဲ့ ချစ်လှစွာသော ညီလေးဖြစ်တဲ့ Kim Jong Kook တစ်ယောက်ဘာလို့ များ ဒီအချိန် ထိ လက်မထပ်ရသေးပဲ တစ်ယောက်တည်းဖြစ်နေရတဲ့ အကြောင်းအရင်းကို ထုတ်ပြောခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ Soompi မှာ ဖော်ပြထားတာပါ။ ဇူလိုင် (၂၁)ရက်နေ့က “My Ugly Duckling,” မှာအထူးဧည့်သည် MC အဖြစ် ပါဝင်ခဲ့တုန်းမှာ ဖော်ကောင်လုပ်ခဲ့တာပါ။ အဲ့ဒီအပိုင်းမှာတော့ Ji Suk Jin က သူ့ရဲ့သူငယ်ချင်းလည်းဟုတ်တဲ့ Park Soo Hong၊ Kim Jong Kook တို့ရဲ့ မိတ်ဆွေဆက်ဆံရေး ရင်းနှီးမှု အကြောင်းကို ထုတ်ပြောခဲ့တာပါ။ ” ကျတော် ပွဲ ဦးထွက်တည်းက သူတို့နဲ့ ခင်လာခဲ့တာပါ..” လို့ ပြောခဲ့ပါတယ်။


ဆက်ပြီးတော့လည်း ” Jong Kook ရဲ့ အမေ ဒီမှာရှိနေတဲ့ အတွက် ကျတော် ဒါကို ပြောပါမယ်။ မနေ့ တုန်းကလည်း ဖျော်ဖြေပွဲမှာ Jong Kook ကို ကျတော့်ရဲ့ ဘောနပ်စ်ပိုက်ဆံ ကို ပေးလိုက်တယ်။ ကျတော် ပေးတဲ့ ငွေ ကြောင့် အပြင်မှာ ၀န်ထမ်းတွေနဲ့ သူထွက်ပြီး မုန့်စားနိုင်တာပါ..” လို့ ပြောခဲ့ပါတယ်။ Seo Jang Hoon က တကယ် တော့ ကျတော်လည်း မနေ့က Jong Kook နဲ့ ဒီကိစ္စကို ပြောခဲ့ သေးတယ်။ သူက ခင်ဗျားက ဒီငွေ သူ့ကို ပေးတာ ဒီနေ့ ‘My Ugly Duckling’ မှာ ပါရလို့ လို့ ပြောတယ်..” လို့ ပြောလိုက်တဲ့ အခါမှာတော့ Ji Suk Jin က ရယ်ပြီး ဒီအကြောင်း ထုတ်ပြောမိတာ နောင်တ ရ တယ်ဆိုပြီး ပြန်တုံ့ပြန်ခဲ့ပါတယ်။



Kim Jong Kook နဲ့ Park Soo Hong တို့ရဲ့ relationship statuses နဲ့ ပတ်သက်ပြီး လည်း Ji Suk Jin က အခုလို ပြောခဲ့ပါတယ်။ ” သူတို့က လက်မထပ်နိုင်တာ မဟုတ်ဘူး။ လက်မထပ်ကြတာ။ Jong Kook ဆိုရင် ကြည့်လေ . သူအနေအထားက မိန်းကလေးတစ်ယောက်နဲ့ မတွေ့နိုင်တဲ့ အနေအထားမျိုး၊ သူ့ရဲ့ တစ်နေ့တာမှာ လုပ်တဲ့ အရာက သုံးခုပဲရှိတယ်။ Gym သွားဖို့ လမ်းလျှောက်တယ်။ Gym မှာ လေ့ကျင့်ခန်းလုပ်နေတယ်၊ Gym ကနေ အိမ်ကို ပြန်တယ်..” ဆိုပြီး Gym သွားလိုက်၊ Gym မှာ လေ့ကျင့်ခန်းလုပ်လိုက်၊ Gym က ပြန်လိုက် နဲ့ တစ်နေ့ တာ အချိန်တွေကို Gym ကိစ္စမှာ မြှုပ်နှံထားလို့ မိန်းကလေးနဲ့ တွေ့ဖို့ ဒိတ်ဖို့ မဖြစ်နိုင်တာလို့ ပြောခဲ့တာပါ။ Park Soo Hong ကတော့ သူ့ရဲ့ အစ်ကိုကြီးက လက်ထပ်လိုက်တော့ သူလက်ထပ်ဖို့ ကိစ္စက နဲနဲတော့ Pressure လျော့ သွား တယ်လို့ ထင်တယ် ဆိုပြီး ပြောခဲ့ပါတယ်။


#CELENOW (SOURCE :soompi)