Ji Changwook ကတော့ ဧပြီလ ၂၇ ရက်နေ့မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးသွားတဲ့နောက် ဒရာမာတွေမှာ ပါဝင်သရုပ်ဆောင်မှုတွေ မရှိသေးပေမဲ့ သူကတော့ ဖက်ရှင်မဂ္ဂဇင်းတွေနဲ့ ဓါတ်ပုံတွေရိုက်ကူးနေပြီး ပရိသတ်တွေနဲ့ တွေ့ဆုံမှုတွေလည်း ပြုလုပ်နေတာဖြစ်ပါတယ်။

စစ်မှုထမ်းပြီးနောက် သူ့ရဲ့ ပထမဆုံး fan meeting ကိုတော့ မေလ ၁၉ ရက်နေ့မှာ နေရာကျဉ်းကျဉ်းလေးတစ်ခုမှာပဲ ပြုလုပ်ခဲ့တာဖြစ်ပြီး  လက်မှတ်မရကြလိုက်ကြတဲ့ ပရိသတ်တွေလည်း တော်တော်များပါတယ်။

ဒီကနေ့မှာတော့ ပွဲကို မလာလိုက်ရတဲ့ ပရိသတ်တွေအတွက်ရော ပွဲကိုလာပေမဲ့ Ji Changwook ရဲ့ ဓါတ်ပုံကောင်းကောင်းလေးတွေ မရသွားတဲ့ပရိသတ်တွေအတွက်ရောအတွက် Glorious Entertainment ကနေ HD ဓါတ်ပုံတွေကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

ဒရာမာ ဇာတ်ဝင်ခန်းတွေထဲကလိုပဲ အရမ်းကို ကြည့်ကောင်းပြီး ချောမောခန့်ညားနေတဲ့ Ji Changwook  ရဲ့ ဓါတ်ပုံတွေကို ပရိသတ်တွေအတွက် ဖေါ်ပြပေးလိုက်ပါတယ်။

Source: kstarlive

Image Source: Naver Post ‘글로리어스’