Ji Chang Wook နဲ့ Kang Ha Neulတို့ကတော့ အမျိုးသားဝန်ကြီးဌာနကနေ ဦးစီးကျင်းပမယ့် ဂီတပြဇာတ်အတွက် အသံစစ်ဆေးပွဲ ဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးစလုံးကတော့ ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ်မှာ စပြီးတော့ စစ်မှုတာဝန် ထမ်းဆောင်ခဲ့ကြတာဖြစ်ပါတယ်။ (၂၀၁၀) ခုနှစ်တုန်းကလည်း သူတို့နှစ်ဦးဟာ “Thrill Me” ဆိုတဲ့ ဂီတပြဇာတ်တစ်ခုမှာ ပါဝင်ပြီး အတူတူ သရုပ်ဆောင်ခဲ့ကြပါသေးတယ်။

“Shinheung Military Academy” ဂီတပြဇာတ်အတွက် ပြုလုပ်တဲ့ အသံစစ်ဆေးပွဲကိုတော့ စစ်သားတိုင်းကို ပါဝင်ခွင့်ပြုထားတာဖြစ်ပြီး Ji Chang Wook နဲ့ Kang Ha Neul တို့ကလည်း အသံစစ်ဆေးပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဒီဂီတပြဇာတ်မှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ရွေးချယ်ခံလား/မခံရလားကိုတော့ အခုထိ မသိရသေးပါဘူး။

“Shinheung Military Academy”ကတော့ တကယ့်အဖြစ်မှန်ကို အခြေခံထားတဲ့ ဂီတပြဇာတ်တစ်ခုဖြစ်ပါတယ်။ (၁၉၁၀)ခုနှစ်လောက်က လူငယ်တွေဟာ မန်ချူးရီးယားမှာ စုဝေးကြပြီး ဂျပန်တွေရဲ့ လက်ထဲကနေ နိုင်ငံအာဏာကို ပြန်လည် သိမ်းပိုက်ခဲ့တဲ့ အကြောင်းဖြစ်ပါတယ်။ ဒီဂီတပြဇာတ်ကိုတော့ နိုဝင်ဘာလမှာ ကိုရီးယားနိုင်ငံ အမျိုးသားပြတိုက်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အကယ်၍သာ Ji Chang Wook နဲ့ Kang Ha Neul တို့ နှစ်ယောက်လုံး ဂီတပြဇာတ်အတွက် ရွေးချယ်ခံရတယ်ဆိုရင်တော့(၈)နှစ်အကြာမှာ သူတို့နှစ်ဦးဟာ စင်တစ်ခုတည်းပေါ်မှာ ပြန်လည်တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။

Source: Koreaboo