(၃၃)မတိုင်ခင်ထိ ယောက်ျားတွေက အသုံးမကျဘူးဆိုတဲ့ J.Lo

Jennifer Lopez ကတော့ အသက် (၄၈)နှစ်ရှိနေတဲ့ အမေရိကန်အဆိုတော်တစ်ယောက်ပါ။အရမ်းကို မိုက်တဲ့ Body အချိုးအစားနဲ့ ဆွဲဆောင်မှုရှိတဲ့ အလှကို အခုထိ ပိုင်ဆိုင်ထားသူပါ။ချစ်သူတွေလဲ အများကြီး ထားခဲ့ဖူးတဲ့ သူမကတော့ ယောက်ျားတစ်ယောက်က ဘယ်အချိန်မှာ စပြီး အသုံးကျလာ၊တော်လာလဲ ဆိုတာကို ပြော ခဲ့ပါတယ်။ Diddy၊ Ben Affleck  တို့နဲ့ အချိန်တော်တော်ကြာ Relationship ရှိခဲ့ဖူးပြီး (၃)ခါ လက်ထပ်ခဲ့ဖူးတဲ့ သူမကတော့ ယောက်ျားတွေရဲ့ အေ ကြာင်းကို ကောင်းကောင်းသိတဲ့ ယောက်ျားကျမ်းကြေကြီးလို့လဲ ပြောလို့ရပါတယ်။

Billboard
Billboard

သူမဟာ Tinder ရဲ့ Swipe Sessions မှာ အသက် (၂၉)နှစ်အရွယ် Country အဆိုတော် Brooke ကို Dating နဲ့ပတ်သက်ပြီး အကြံပြု စကားဆိုခဲ့ပါတယ်။လက်ရှိ Generation  မျိုးဆက် စမတ်ဖုန်းကတစ်ဆင့် ကိုယ့်ရဲ့ ဘ၀လက် တွဲဖော်ကို ရှာနေကြပါတယ်။ဒီမှာတော့ J.Lo က Brooke ကို ဒိတ်လုပ်တာနဲ့ ပတ် သက်ပြီး ဘေးကနေ ကူညီပေး ခဲ့ပါတယ်။သစ်လုံးခွဲ၊ထင်းခွဲလုပ်နိုင်တဲ့ ယောက်ျားမျိုးကို ရှာနေတယ်ဆိုပြီး ပြောခဲ့ပါတယ်။ J.Lo က Brooke ရဲ့ Pro file တွေကို ၀င်ကြည့်ပြီးမလိုတဲ့ လူတစ်ချို့ကို ဖယ်ထုတ်ပေးခဲ့ပါတယ်။”ရေခဲသေတ္တာထဲမှာ ဆော့စ်ကို သိမ်းထား ရင်..ဒါက အလုပ်ဖြစ်မှာမဟုတ်ဘူး.” ဆိုပြီး ပြောခဲ့ပါတယ်။ဒ့ါအပြင် Brooke ကို အကြံကောင်းဥာဏ် ကောင်း တစ်ခု လဲပေးခဲ့ပါတယ်။သူမပြောလိုက်တဲ့ စကားကတော့..

pinterest

“ယောက်ျားတွေက အသက် (၃၃)နှစ်မတိုင်ခင်အထိ အသုံးကမကျဘူး..” ဆိုပြီး ပြောခဲ့ပါတယ်။အသက် (၃၃) နှစ် အောက် တွေက အသုံးမကျဘူးလို့ ဆိုလိုလိုက်ပုံရပါတယ်။နယူးယော့ခ် အခြေစိုက် relationship ကျွမ်းကျင်သူ စာရေးဆရာ Dr Jane Greer ကတော့ J.Lo ကို ထောက်ခံ လိုက်ပါတယ်။ယောက်ျားတွေဟာ အသက် (၃၀) အစောပိုင်းလောက်မှာ သူတို့ရဲ့  professional career life က လမ်းကြောင်းတည့်မတ်ပြီး ငွေရေးကြေးရေး အခြေအနေကလဲ တည်ငြိမ်မှုရှိလာကြောင်း၊ဒါကြောင့် အဲ့ဒီအသက် အရွယ် အပိုင်းအခြားလောက်ဆိုရင် အတွေ့အကြုံ၊အောင်မြင်မှုတွေ ရရှိလာပြီး ရင့်ကျက်လာပြီလို့ ပြောခဲ့ပါတယ်။ငယ်ငယ် တုန်းက ချစ်သူ၊ရည်းစားတွေ အများကြီးထားခဲ့ဖူးတဲ့ ယောက်ျားတစ်ယောက် သူ့အသက် (၃၀)(သို့) (၃၀) ကျော် လောက် မှာ အမျိုးသမီးတစ်ယောက်နဲ့ ရုတ်တရက်ဆုံတွေ့တယ်၊သူမကို လက်ထပ်ဖို့ သူ့ဘက်က အသင့်ဖြ စ်နေတာ မျိုး လို့လဲ Dr Jane Greer က အခြေအနေကို ဥပမာပေးပြောပြခဲ့ပါတယ်။

actuanews.fr
pinterest

 

Source unilad.