THE BANANA MONKEYS ဆိုတဲ့ ဂျပန်အမျိုးသမီးအဆိုတော်အဖွဲ့ကတော့ ပရိသတ်တွေကို နမ်းပြီး Fan-Service ပေးခဲ့တဲ့ အတွက်ကြောင့် ဝေဖန်မှုတွေခံနေရပါတယ်။ အဖွဲ့ဝင်တွေဟာ သူတို့တွေရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပြီး ကြားမှာ ပလတ်စတစ်ပြားတစ်ချပ်ကိုခံကာ အနမ်းပေးတဲ့ Fan-Serviceကိုပြုလုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။

ပြဿနာကတော့ အဖွဲ့ဝင်တွေအားလုံးဟာ အသက်မပြည့်သေးတဲ့သူတွေဖြစ်ကြပြီး အဖွဲ့ဝင်တစ်ဦးကတော့ အသက် ၁၄ နှစ်အရွယ်သာရှိသေးတဲ့ အလယ်တန်းကျောင်းသူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

THE BANANA MONKEYS အဖွဲ့ရဲ့ အနမ်းဝန်ဆောင်မှုအချို့ကတော့ သာမန်သင့်တော်ရုံမျှဖြစ်ပေမဲ့လည်း အချို့ကတော့ တော်တော်လေးအမြင်လည်းရိုင်းပြီး လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ပုံစံ သက်ရောက်နေတဲ့အတွက်ကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန်ခံနေရတာဖြစ်ပါတယ်။

ပရိသတ်အချို့ကတော့ ‘သူတို့တွေကပြုံးနေကြတာပဲလေ ဘာလိုသေးလို့လဲ။’ ‘ပလတ်စတစ်ပြားက သူတို့ကို တကယ်မနမ်းမိအောင် ကာပေးထားတာပဲ’စသဖြင့် မှတ်ချက်ပေးခဲ့ကြပါတယ်။ အချို့သောပရိသတ်တွေကတော့ ‘အသက်မပြည့်သေးတဲ့ သူတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေရှိတယ်လေ။ဘာတွေလုပ်နေကြတာလဲ’ ‘ကြည့်လိုက်တာနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရတယ်ဆိုတာ သိသာနေတာပဲ’ ‘သူတို့ရဲ့ အေဂျင်စီကဘာတွေလုပ်နေတာလဲ။ ဘာလို့ ဒါမျိုးတွေဖြစ်လာအောင် လွှတ်ထားရတာလဲ’ စသဖြင့် ဝေဖန်ရေးသားခဲ့ကြပါတယ်။

ဒီလိုဝေဖန်မှုတွေ ခံရခြင်းဟာ ဒီအကြောင်းအရာတစ်ခုတည်းအတွက်ကြောင့်တော့မဟုတ်ပါဘူး။ THE BANANA MONKEYS အဖွဲ့ဟာ အကျီင်္ီမဝတ်ထားတဲ့ ယောကျာ်းတစ်ယောက်ကို သွားတိုက်ပေးတဲ့ Fan-Serviceကို ပြုလုပ်ခဲ့တဲ့ အတွက်ကြောင့်လည်း ဝေဖန်မှုတွေခံနေရတာဖြစ်ပါတယ်။

Source: koreaboo